အိန္ဒိယနိုင်ငံ၊ National Defence College သင်တန်းသားများ မြန်မာနိုင်ငံရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးစဉ်အဖြစ် လာရောက်လေ့လာ

          အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ National Defence College မှ အကြီးတန်းနည်းပြအရာရှိ ဖြစ်သူ Major General Ajay Kumar Singh, AVSM, SM ဦးဆောင်သော သင်တန်းသားများသည် လေ့လာရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁ ရက်တွင် ရောက်ရှိခဲ့ပါသည်။

  • မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်လည်ပတ်ခြင်း၊ သူရဲကောင်းဗိမာန်(နေပြည်တော်) သို့ သွားရောက်ဂါရဝပြုလေ့လာခြင်း၊ တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) နှင့် မြန်မာ့ ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) သို့ သွားရောက်လေ့လာခဲ့။
  • နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ သွားရောက်၍ ကျောင်းစာကြည့်တိုက်နှင့် ကျောင်းသမိုင်း ပြတိုက်တို့အား လေ့လာကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး ကမ္ဘာ ပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများပေးအပ် လှူဒါန်းခဲ့။

အဆိုပါလေ့လာရေးအဖွဲ့သည် စက်တင်ဘာလ ၅ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၉-၂၀၂၄)

  • အိန္ဒိယနိုင်ငံ၊ National Defence College သင်တန်းသားများ မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော် မြတ်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ သူရဲကောင်းဗိမာန်(နေပြည်တော်) တပ်မတော်စစ်သမိုင်း ပြတိုက် (နေပြည်တော်) မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)တို့သို့ သွားရောက် လေ့လာခြင်းများ ဆောင်ရွက်ခဲ့။

 

Add new comment