နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအားတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စက်တင်ဘာလ ရက်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံ ဆွေးနွေးပြောကြားခဲ့ရာ အဆိုပါတွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပိုးရယ်အောင်သိန်း၊ ခွန်စံလွင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ ကြပါသည်။

လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက-

  • လွိုင်ကော်မြို့အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်လျက် ရှိမှုနှင့် လူနေရပ်ကွက်များအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု အခြေ အနေများ။
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လွိုင်ကော်စက်မှုဇုန် ပြန်လည် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ။
  • ပြည်သူများ၏ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် လွိုင်ကော် မြို့ရှိ အခြေခံပညာကျောင်းများ၊ ကောလိပ်နှင့်တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ။
  • ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ပျက်စီးခဲ့မှုနှင့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ။
  • ဆက်သွယ်ရေးတာဝါတိုင်နှင့် မိုဘိုင်းဆက်သွယ်ရေးစခန်းများ ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများ။
  • ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ပေးမှု၊ လုံခြုံရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် သီရိမင်္ဂလာဈေးအသစ် ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ။
  • အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့ ပြည်နယ် ပြည်သူ့ဆေးရုံကြီးရှိ ပျက်စီးခဲ့သည့်ကုသရေးအထောက်အကူပြုစက်ပစ္စည်းများ ပြန်လည် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့။

သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • မကြာမီကာလက လွိုင်ကော်ဒေသအတွင်း KNDF အဖွဲ့နှင့် PDF အမည်ခံကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရကြောင်း။
  • ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းဒေသတွင် နေထိုင်သူ များကပင် လုပ်ဆောင်ကြခြင်းဖြစ်ပြီး ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုနောက်ကျစေရန်နှင့် တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်လုပ်ဆောင်သည်မှာလည်း ဒေသခံများပင်ဖြစ်ကြောင်း။
  • ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံများ၏လုံခြုံရေးကိုဖျက်ဆီးနေသည့် ဒေသ တွင်းနေထိုင်သောလက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ဆောင်မှုများ လျော့ ပါးစေရေးအတွက် ပြည်သူများအနေဖြင့် ၎င်းတို့သက်ဆိုးရှည်စေမည့်ကိစ္စရပ်များကို ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးကြစေလိုကြောင်း။
  • အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မြို့ရွာများရှိ ပြည်သူလူထုများ၏နေအိမ်များ၌ ဝင်ရောက်နေထိုင်၍ အကာအကွယ်ယူတိုက်ခိုက်ကြသလို ၎င်းတို့ယာယီအားဖြင့် ထိန်းသိမ်း ထားသည့် မြို့ရွာများ၊ နေရာဒေသများတွင်လည်း ပြည်သူလူထုကို အကာအကွယ်ယူ၍ တိုက်ခိုက်မှုများလုပ်ဆောင်ခြင်းဖြစ်သဖြင့် ပြည်သူများအနေဖြင့် သတိတရား၊ အသိတရား များဖြင့်ရှောင်ရှားမည်ဆိုပါက သောင်းကျန်းသူအမြစ်ပြတ် ချေမှုန်းရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့် လွိုင်ကော်မြို့ရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ပြီး ကျောင်းသား၊ ကျောင်းသူများ ပြန်လည်တက်ရောက် သင်ကြားနိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။
  • တက္ကသိုလ်များကိုလည်းဖွင့် လှစ်သင်ကြားနိုင်ရေးဆောင်ရွက်ပြီး အခြားမြို့များတွင် သွား ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့နေထိုင်သည့် ဒေသ၌ ပြန်လည်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • ကျန်းမာရေးမြှင့်တင်မှုနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ပြည်သူ့ဆေးကုသမှုမြှင့်တင် ရေး လုပ်ငန်းများကို လွိုင်ကော်ဒေသတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
  • လွိုင်ကော်ဒေသအတွင်း အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများ၊ ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ပြီး အများနှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို ဦးစားပေး၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အစိုးရတစ်ခုတည်းသာမက ဒေသခံ ပြည်သူလူထုမှလည်း အတူတကွ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ချိန်တွင် ဒေသအတွင်း ပြန်လည်ဝင်ရောက်နေထိုင်၍ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုကို မိမိ အနေဖြင့် ဂုဏ်ယူအသိအမှတ်ပြုချီးကျူးပါကြောင်း။
  • မိမိတို့အနေဖြင့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ထိုသို့ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • ကယားပြည်နယ်အတွင်း၌လည်း သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများကို အောင် မြင်စွာဆောင်ရွက်နိုင်ရန်လိုပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုများရရှိအောင် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကယားပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများထံ စားသောက် ဖွယ်ရာပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကိုပေးအပ်ခဲ့ပြီးနောက် လွိုင်ကော်မြို့အတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည်၍ အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေအိမ် အဆောက်အဦများ၊ လမ်းတံတားများကို ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးထားမှုများ၊ ပြည်သူများ အနေဖြင့် အေးချမ်းစွာဖြင့် ပုံမှန်သွားလာလုပ်ကိုင်နေထိုင်လျက်ရှိမှုများကိုကြည့်ရှုခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အကြမ်း ဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရသည့် လွိုင်ကော်မြို့၊ သီရိမင်္ဂလာ ဈေးအား အဆင့်မြင့်သီရိမင်္ဂလာဈေးအသစ်အဖြစ် တည်ဆောက်နေမှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတစ်ဦးက ဈေးအသစ် ပြန်လည် တည်ဆောက်ရန် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့မှုများအပေါ်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်နယ်၏မြို့တော်ရှိ ဈေးဖြစ်သဖြင့် တည် ဆောက်ရာတွင် အဆင့်မီသည့်ဈေးကြီးတစ်ခုအဖြစ်တည်ဆောက်နိုင်ရေး စနစ်တကျဒီဇိုင်းရေးဆွဲ တည်ဆောက်သွားရန်၊ ဆိုင်ခန်းများ၊ ကားရပ်နားရန်နေရာများ စနစ်တကျတည်ဆောက်ရန်နှင့် ရေပေးဝေမှုစနစ်များ၊ အမှိုက်စွန့်ပစ်မှုစနစ်များ စနစ်တကျရှိစေရေး ကြိုတင်တွက်ချက် ဆောင်ရွက် သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ကျက်သရေဆောင် သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်မြတ်ကြီးသို့ သွား ရောက်ဖူးမြော်ကြည်ညိုပြီးနောက် စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများထံ စုပေါင်းအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၅-၉-၂၀၂၄)

  • ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်ကြခြင်းဖြစ်သလို တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်လုပ်ဆောင်သည်မှာလည်း ဒေသခံ များပင်ဖြစ်။
  • ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံများ၏လုံခြုံရေးကိုဖျက်ဆီးနေသည့် ဒေသတွင်း နေထိုင်သောလက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ဆောင်မှုများ လျော့ပါးစေရေး အတွက် ပြည်သူများအနေဖြင့် ၎င်းတို့သက်ဆိုးရှည်စေမည့်ကိစ္စရပ်များကို ဝိုင်းဝန်းတားဆီး ဆောင်ရွက်ပေးကြစေလို။
  • အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ယာယီအားဖြင့် ထိန်းသိမ်းထားသည့် မြို့ရွာများ၊ နေရာ ဒေသများတွင်လည်း ပြည်သူလူထုကို အကာအကွယ်ယူ၍ တိုက်ခိုက်မှုများလုပ်ဆောင်ခြင်းဖြစ် သဖြင့် ပြည်သူများအနေဖြင့် သတိတရား၊ အသိတရားများဖြင့်ရှောင်ရှားမည်ဆိုပါက သောင်းကျန်း သူအမြစ်ပြတ် ချေမှုန်းရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်မည်ဖြစ်။
  • လွိုင်ကော်ဒေသအတွင်း အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများ၊ ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို ပြန်လည်ပြင်ဆင် ပေးမည်ဖြစ်ပြီး အများနှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို ဦးစားပေး၍ ဆောင်ရွက်ပေးသွားမည်ဖြစ်။
  • ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အစိုးရတစ်ခုတည်းသာမက ဒေသခံ ပြည်သူ လူထုမှလည်း အတူတကွ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုပြီး ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် ယခုကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ချိန်တွင် ဒေသအတွင်း ပြန်လည်ဝင်ရောက်နေထိုင်၍ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုကို မိမိအနေဖြင့် ဂုဏ်ယူအသိ အမှတ်ပြုချီးကျူး။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကယားပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများထံ စားသောက် ဖွယ်ရာပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကိုပေးအပ်ခဲ့ပြီးနောက် လွိုင်ကော်မြို့အတွင်း ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးထားမှုအခြေအနေများကိုကြည့်ရှုခဲ့။

Add new comment