နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု၍ ထောက်ပံ့ရေးပစ္စည်းများပေးအပ်

          ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့ နယ်များအတွင်း PNLO KNDF နှင့် PDF အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များတွင် တိုက်ပွဲများဖော်ဆောင်ခြင်း၊ သာသနိကအဆောက်အဦများနှင့် စာသင်ကျောင်းများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ရက်တွင် အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဆီဆိုင်မြို့မဈေးအား အသစ်ပြန်လည်တည်ဆောက် သွားမည့်အခြေအနေများ၊ ဆီဆိုင်မြို့၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအငှားအိမ်ရာ ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား သွားရောက် ကြည့်ရှု၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် ဆီဆိုင်မြို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော် သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍-

  • ဆီဆိုင်ဒေသသည် PNLO အကြမ်းဖက်အဖွဲ့၏ အခွင့်အလမ်းတစ်ခုကို မျှော်မှန်းပြီးဆောင် ရွက်သည့် မိုက်မဲသည့်အကြမ်းဖက်လုပ်ရပ်ကြောင့် ယခုကဲ့သို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ် ခဲ့ရပြီး ဒေသတစ်ခု၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက်မှာ ရပ်တန့်နေ၍မရဘဲ ရှေ့သို့ အစဉ်အဆက် ဆက်လက်လှမ်းချီနေရမည်၊ အလုပ်လုပ်နေရမည်ဖြစ်ကြောင်း။
  • ဒေသ၏တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သည်မှာ ဒေသခံများ သာဖြစ်သကဲ့သို့ ဒေသ၏မတည်ငြိမ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျအောင် ဆောင်ရွက် သည်မှာလည်း ဒေသခံများပင်ဖြစ်ကြောင်း။
  • ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင်နေရသည့် ဒေသ၏ပညာရေး၊ ကျန်းမာရေးအပါအဝင် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးရန်လိုကြောင်း။
  • ထိခိုက်ပျက်စီးခဲ့ရသည့် ဆီဆိုင်မြို့အပါအဝင် ပတ်ဝန်းကျင်ရှိကျေးရွာများ၏ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှတတ်စွမ်းသ၍ ဆောင်ရွက် ပေးလျက်ရှိပြီး ဒေသခံပြည်သူလူထုတို့မှလည်း ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပြီး နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့။
  • PNLO အကြမ်းဖက်အဖွဲ့အနေဖြင့် KNDF အဖွဲ့နှင့် PDF အကြမ်းဖက်သမား၏ မြောက်ပင့် စည်းရုံးမှုကြောင့် ဒေသအတွင်းအာဏာတည်ဆောက်နိုင်ရေး၊ အကြမ်းဖက်အုပ်ချုပ်ရေးအတွက် အကြောက်တရားဖြင့် မိမိတို့လူမျိုးတူ ပအိုဝ့်တိုင်းရင်းသားတို့အပေါ် စာနာမှုကင်းမဲ့စွာဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက် ပြားခဲ့ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံးခဲ့။
  • အကြမ်းဖက်လုပ်ရပ်များကို လက်မခံသည့် ဆီဆိုင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပအိုဝ့် တိုင်းရင်းသားများအနေဖြင့် ရွာလုံးကျွတ်နီးပါးအင်အားစုစည်း၍ တပ်မတော်၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းလက်တွဲပြီး အကြမ်းဖက်ပူးပေါင်းအဖွဲ့များ၏လက်မှ ဆီဆိုင် ဒေသကို အမြန်ဆုံးပြန်လည်ရယူထိန်းချုပ်နိုင်ခဲ့။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ဆီဆိုင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေထိုင်လျက်ရှိသည့် ပြည်သူများအနေဖြင့်လည်း ပြန်လည်ဝင်ရောက်နေထိုင်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၉-၂၀၂၄)

  • ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်များအတွင်း PNLO KNDF နှင့် PDF အကြမ်းဖက်သောင်းကျန်းသူ များသည် Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်းများ လုပ်ဆောင်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့။
  • ဒေသ၏တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သည်မှာ ဒေသခံများ သာဖြစ်သကဲ့သို့ ဒေသ၏မတည်ငြိမ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျအောင် ဆောင်ရွက် သည်မှာလည်း ဒေသခံများပင်ဖြစ်။
  • ဆီဆိုင်မြို့အပါအဝင် ပတ်ဝန်းကျင်ရှိကျေးရွာများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှတတ်စွမ်းသ၍ ဆောင်ရွက်ပေးလျက်ရှိ။
  • PNLO အကြမ်းဖက်အဖွဲ့အနေဖြင့် KNDF အဖွဲ့နှင့် PDF အကြမ်းဖက်သမား၏ မြောက်ပင့်စည်း ရုံးမှုကြောင့် မိမိတို့လူမျိုးတူ ပအိုဝ့်တိုင်းရင်းသားတို့အပေါ် စာနာမှုကင်းမဲ့စွာဖြင့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့။
  • ပအိုဝ့်တိုင်းရင်းသားများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း လက်တွဲပြီး အကြမ်းဖက်ပူးပေါင်းအဖွဲ့များ၏လက်မှ ဆီဆိုင်ဒေသကို အမြန်ဆုံးပြန်လည်ရယူ ထိန်းချုပ်နိုင်ခဲ့။

Add new comment