နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ရက်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမတွင် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် လမ်းတံတားများ လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ KNPP KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွိုင်ကော်မြို့နှင့် အခြားမြို့များအား ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် PDF အမည်ခံ အကြမ်းသမားများထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိမှုနှင့် PDF အမည်ခံအကြမ်းဖက်သမားများ အလင်းဝင်ရောက်လာမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က-

  • နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် ပတ်သက်သည့်သတင်းများ စဉ်ဆက်မပြတ်ရရှိအောင် သတင်းရယူတည်ဆောက်ပြီး ဆောင် ရွက်သွားရန်လိုကြောင်း။
  • အများပြည်သူများ သွားလာလျက်ရှိသည့် လမ်းတံတားများ ထိခိုက်ပျက်စီးမှုများမရှိအောင် ဆောင်ရွက်နေရန်လိုပြီး နယ်မြေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း။
  • ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ယခင်ကတည်းကပင် ငြိမ်းချမ်းရေးရယူခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုများကို နိုင်ငံတော်၊ တပ်မတော်နှင့်လက်တွဲ၍ ဆောင်ရွက်နေ ခြင်းဖြစ်သဖြင့် ၎င်းတို့၏ဒေသများအတွင်း၌လည်း အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှု များကြောင့် နယ်မြေမငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း။
  • အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် MNDAA လက်နက်ကိုင်သောင်ကျန်းသူအဖွဲ့၊ TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် AA လက်နက်ကိုင်အဖွဲ့တို့အား စက်တင်ဘာ ရက်တွင် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့နှင့် ဆက်နွယ် နေသူများအနေဖြင့်လည်း အကြမ်းဖက်မှုများကို အားပေးနေကြသူများပင်ဖြစ်ကြောင်း။
  • ပြည်သူများနှင့် ထိတွေ့ဆက်ဆံနေရသည့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိ သူများအနေဖြင့်လည်း ပြည်သူ့လုံခြုံရေးကိုဆောင်ရွက်ရာတွင် ပြည်သူများအတွက် ကောင်း မွန်သော ပြည်သူ့ရေးရာဝန်ဆောင်မှုဖြစ်စေရန်နှင့် ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် မှန် မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း။
  • လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာတွင် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာများတွင် ဝိုင်းဝန်းဆောင်ရွက်သွားရန်လို ကြောင်းနှင့် အခြားနယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့် ပတ် သက်၍ လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အောင်ပန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက် ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေ များကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းအားပေးစကားပြောကြားပြီး လိုအပ် သည်များဖြည့်ဆည်းကာ  ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၄-၉-၂၀၂၄)

  •  နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် ပတ်သက်သည့်သတင်းများ စဉ်ဆက်မပြတ်ရရှိအောင် သတင်းရယူတည်ဆောက်ပြီး ဆောင်ရွက် သွားရန်လို။
  • ယခင်ကတည်းကပင် ငြိမ်းချမ်းရေးရယူခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုများကို နိုင်ငံတော် တပ်မတော်နှင့် လက်တွဲ၍ ဆောင်ရွက်နေသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွင်း၌ အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှုများကြောင့် နယ်မြေမငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်သွားရန်လို။
  • အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် MNDAA လက်နက်ကိုင်သောင်ကျန်းသူအဖွဲ့၊ TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် AA လက်နက်ကိုင်အဖွဲ့တို့အား စက်တင်ဘာ ရက်တွင် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့နှင့် ဆက်နွယ်နေသူများ အနေဖြင့်လည်း အကြမ်းဖက်မှုများကို အားပေးနေကြသူများပင်ဖြစ်။
  • ပြည်သူများနှင့် ထိတွေ့ဆက်ဆံနေရသည့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့်လည်း ပြည်သူ့လုံခြုံရေးကိုဆောင်ရွက်ရာတွင် ပြည်သူများအတွက် ကောင်းမွန် သော ပြည်သူ့ရေးရာဝန်ဆောင်မှုဖြစ်စေရန်နှင့် ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် မှန်မှန် ကန်ကန်ဖြင့် ဆောင်ရွက်ရန်လို။

Add new comment