နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စက်တင်ဘာလ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများအား တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။

လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက-

  • ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများအကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိမှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများ။
  • ရှမ်းပြည်နယ်အတွင်းရှိ အချို့ဒေသများ၌ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် ၎င်းတို့၏ နေရပ်အသီးသီးမှ ဘေးလွတ်ရာနေရာများသို့ ယာယီနေရပ်စွန့်ခွာ တိမ်းရှောင် နေရသူများအား ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ။
  • ပြည်သူလူထုကို အခြေပြုသည့် ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိမှုအခြေအနေများနှင့်  မိမိတို့တာဝန်ယူရသည့်ဒေသများတွင် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ပြည်သူ လူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ရန်လိုအပ်မှု အခြေ အနေများ၊
  • ရှမ်းပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် လမ်းတံ တားများနှင့် အဆောက်အဦများ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ရေရရှိရေးလုပ်ငန်းများနှင့် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်များ ပျက်စီးခဲ့ရသည့် ပြည်သူ များအတွက် နေအိမ်များဆောက်လုပ်နိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ။
  • လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးရေးတက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အခြေ အနေများ။
  • ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးနိုင်ရေး ဆေးရုံ၊ ဆေးခန်းများအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိမှုနှင့် အခြေခံဆေးဝါးများ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေး လျက်ရှိမှုအခြေအနေများ။
  • ရှမ်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှုများ ပိုမိုတိုးတက်စေရေး လမ်းများအဆင့်မြှင့် တင်ခြင်းကို ဘဏ္ဍာရေးနှစ် အလိုက်ဆောင်ရွက်လျက်ရှိမှု၊ ရာသီဥတုကြောင့် ပျက်စီး ခဲ့ရသည့် လမ်းနှင့်တံတား နေရာများကို ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှုနှင့် တံတားအသစ်များ တည်ဆောက်လျက်ရှိမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့။

သက်ဆိုင်တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ် ခဲ့မှုနှင့် နိုင်ငံတော်တွင်ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ။
  • နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြမ်း ဖက်မှုဖြစ်စဉ်ဖြစ်ရပ်များကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့မှု အခြေ အနေများ။
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် နိုင်ငံတော်တွင် နိုင်ငံရေးအရအကြပ်အတည်းများဖြစ်ပေါ်နေမှုကို အခွင့် ကောင်းရယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ကြုံတွေ့လာခဲ့ရမှု အခြေအနေများ။
  • လက်ရှိအချိန်တွင် အဆိုပါ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှု များကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက် အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူ လူထုတို့ကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေ ထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင် လျက်ရှိသည့်အခြေအနေများ။
  • တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက် သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူ များအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်မှုအခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့။
  • စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်တွင် ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားနည်းခဲ့ပြီး ပြည်ပပို့ကုန်နှင့် ပြည်ပသွင်းကုန်များတွင် ပြည်ပသွင်းကုန်များ ပိုမိုများပြားခဲ့သည်ကိုတွေ့ရှိရကြောင်း။
  • ယခင်က ပြည်ပမှ ဝင်ငွေများရရှိရန်အတွက် နိုင်ငံတွင်းရှိ သယံဇာတများ ထုတ်ယူရောင်း ချခြင်းနှင့် ကုန်သွယ်မှုရရှိငွေများဖြင့် ဆောင်ရွက်ကြပြီး မိမိတို့အစိုးရတာဝန်ယူ ဆောင် ရွက်ချိန်တွင် သယံဇာတပစ္စည်းများ တတ်နိုင်သမျှ တင်ပို့ခြင်းမရှိခဲ့ဘဲ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိသည့်ထွက် ကုန်များကို အဓိကပိုမိုတင်ပို့ခဲ့ကြောင်း။
  • စားသုံးဆီနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ဆီထွက်သီးနှံစိုက်ပျိုးသည့်နိုင်ငံဖြစ်ပြီး ပြည်တွင်း ဆီထွက်သီးနှံများကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက အထွက် နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး စားသုံးဆီအဖြစ် ကြိတ်ခွဲဆောင်ရွက်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ လုံလောက်မှုရှိနိုင်မည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံအနေဖြင့် ရေခံမြေခံ အခြေခံကောင်းများနှင့် ဈေးကွက် လိုအပ်ချက်ရှိသည့် ပြည်ပနိုင်ငံများတင်ပို့နိုင်မည့် ပထဝီဝင်မြေအနေအထားကို ပိုင်ဆိုင်ထားရှိသဖြင့်  စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ များအားလုံးက ဝိုင်းဝန်းဆောင်ရွက်ရန်လိုပြီး ထိုမှသာ နိုင်ငံ့စီးပွားရေး ကောင်းမွန်လာ မည် ဖြစ်ကာ ကုန်ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားမည်ဖြစ်ကြောင်း။
  • အဓိကအားဖြင့် ကုန်ထုတ်လုပ်မှုများမြှင့်တင်ပေးရန်လိုပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေး ထုတ်ကုန်များကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် တောင်သူများအနေဖြင့် ဝင်ငွေ များပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။
  • ရှမ်းပြည်နယ်အတွင်းရှိ အချို့ကျောင်းများ၊ တက္ကသိုလ်များနှင့် ကောလိပ်များသည် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ပိတ်ထားရပြီး ကျောင်းနေအရွယ် ကလေးငယ်အားလုံး အနည်းဆုံး KG + 9 အဆင့်အထိ တက်ရောက်အောင်မြင်ရန်လိုကြောင်း။
  • ပညာတတ်များဖြစ်မှသာ ၎င်းတို့၏အနာဂတ် တိုးတက်ကောင်းမွန်မည်ဖြစ်သကဲ့သို့ အတွေး အခေါ်များ ကောင်းမွန်လာပြီး စဉ်းစား ဆင်ခြင်တုံတရားများလည်း မြင့်မားလာမည်ဖြစ် ကြောင်း။
  • အနာဂတ်နိုင်ငံတော်ကို ဦးဆောင်တည်ဆောက်ကြမည့် အနာဂတ်လူသားအရင်းအမြစ် များအနေဖြင့် စည်းကမ်းစနစ်တကျရှိသည့် လူငယ်များဖြစ်ရန်လည်းလိုကြောင်း။
  • ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရာတွင် စည်းကမ်း စနစ်ကျနသည့် လူအဖွဲ့အစည်း၊ အသိုက်အဝန်းကိုပုံဖော်ပေးရန်လိုပြီး ဥပဒေကို လူတိုင်း သိရှိလိုက်နာရမည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဥပဒေပိုင်းဆိုင်ရာ များနှင့် ပတ်သက်၍ သိရှိနားလည်နိုင်ရေး တက္ကသိုလ်များတွင် ဥပဒေပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း။
  • ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ဆေးရုံများ အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေး လျက်ရှိပြီး ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်ဟူသည့်မူဝါဒနှင့်အညီ ဆေးရုံများအားလုံးတွင် ဆရာဝန်များရှိစေရေးဆောင်ရွက်ပေးထားသလို ဆေးရုံသုံးပစ္စည်းများ လုံလောက်စွာ ရရှိရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • လုံခြုံရေးနှင့်ပတ်သက်၍ ဒေသအတွက် ကောင်းရာကောင်းကျိုးဆောင်ရွက်မည့်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ် ကိုဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။
  • အဆင့်ဆင့်သတင်းပေးသည့်စနစ်ကို ဖော်ဆောင်ခြင်းအားဖြင့် ရပ်ကွက်အလိုက်၊ ကျေးရွာ အလိုက် တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး ပြည်သူများတစ်ဦးချင်းနှင့် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ လုံခြုံရေးအသိတရားဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဆိုပါက လုံခြုံရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း။
  • ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် မိမိတို့တာဝန်ကျရာ ဒေသများမှတဆင့် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြော ကြားခဲ့။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပိုးရယ်အောင်သိန်း၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညပိုင်း တွင် တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုပြီး စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းကာ တောင်ကြီးမြို့ရှိ သဘာဝအရင်းအမြစ်များ မပျောက်ပျက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိအောင် ထိန်းသိမ်းဆောင်ရွက် ရန် လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၄-၉-၂၀၂၄)

  • အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် နိုင်ငံတော်တွင် နိုင်ငံရေးအရအကြပ် အတည်းများဖြစ်ပေါ်နေမှုကို အခွင့်ကောင်းရယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ကြုံတွေ့လာခဲ့ရ။
  •  တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ် စောင့်ရှောက်သွား မည်ဖြစ်ပြီး အဆိုပါလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက် သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မ ဝင်ရောက် နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်း လုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လို။
  • မိမိတို့နိုင်ငံအနေဖြင့် ရေခံ မြေခံ အခြေခံကောင်းများနှင့် ဈေးကွက်လိုအပ်ချက်ရှိသည့် ပြည်ပ နိုင်ငံများတင်ပို့နိုင်မည့် ပထဝီဝင်မြေအနေအထားကို ပိုင်ဆိုင်ထားရှိသဖြင့်  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ရန်လို။
  • ရှမ်းပြည်နယ်အတွင်းရှိ အချို့ကျောင်းများ၊ တက္ကသိုလ်များနှင့် ကောလိပ်များသည် အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုများကြောင့် ပိတ်ထားရပြီး ကျောင်းနေအရွယ် ကလေးငယ်အားလုံး အနည်းဆုံး KG + 9 အဆင့်အထိ တက်ရောက်အောင်မြင်ရန်လို။
  • ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရာတွင် စည်းကမ်း စနစ် ကျနသည့် လူအဖွဲ့အစည်း၊ အသိုက်အဝန်းကိုပုံဖော်ပေးရန်လိုပြီး ဥပဒေကို လူတိုင်း သိရှိလိုက်နာ ရမည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဥပဒေပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ သိရှိနားလည်နိုင်ရေး တက္ကသိုလ်များတွင် ဥပဒေပညာရပ်များကို သင်ကြားပေးလျက်ရှိ။
  • လုံခြုံရေးနှင့်ပတ်သက်၍ ဒေသအတွက် ကောင်းရာကောင်းကျိုးဆောင်ရွက်မည့်သူများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ် ကိုဆောင်ရွက်သွားရမည်ဖြစ်။

Add new comment