ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် The Myanmar National Democratic Alliance Army (MNDAA) ၊ Ta'ang National Liberation Army (TNLA) နှင့် United League of Arakan (ULA)/ Arakan Army (AA) လက်နက်ကိုင်အဖွဲ့များအား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့မှုအပေါ် သန်းပေါင်းများစွာသော ပြည်သူများကိုယ်စား မိမိတို့ နိုင်ငံရေးပါတီများက အပြည့်အဝထောက်ခံပါကြောင်းနှင့် အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထာဝရဆန့်ကျင်သွားမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ပါတီ (၂၅) ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါအကြမ်းဖက်အုပ်စုများသည် အများပြည်သူ၏ လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်၊ အရေးကြီးသော အခြေခံအဆောက်အဦများ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ၊ အသုံးအဆောင်ပစ္စည်းများ၊ လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ လူနေထူထပ်သည့် မြို့ရွာ များအား ပြင်းထန်စွာထိခိုက်ဆုံးရှုံးစေရန် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ ရဟန်းသံဃာ/ ပြည်သူများကိုသတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း စသည့် အကြမ်း ဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ပါသည်။ ၎င်းအပြင် တက္ကသိုလ်/ ကောလိပ်/ စာသင်ကျောင်း များအား ဖျက်ဆီးခြင်း၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများသည် နိုင်ငံတော်၏အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး လူ့ စွမ်းအားအရင်းအမြစ်များကို ဆုံးရှုံးစေပါသည်။
ဤကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူမျာအား လူမှုဒုက္ခများ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်လုပ်ဆောင်မှုများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံရေးပါတီများက ပူးတွဲ သဘောထားကြေညာချက်များ ထုတ်ပြန်၍ အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ရှုတ်ချမှုများ ဆောင် ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၉-၂၀၂၄)
- MNDAA ၊ TNLA နှင့် AA လက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း အား သန်းပေါင်းများစွာသော ပြည်သူများကိုယ်စား မိမိတို့နိုင်ငံရေးပါတီများက အပြည့်အဝ ထောက်ခံပါကြောင်းနှင့် အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို ထာဝရဆန့်ကျင်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီ (၂၅) ပါတီက လက်မှတ်ရေးထိုး ပူးတွဲ သဘောထား ထုတ်ပြန်ခဲ့။
Add new comment