တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာ စေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာဖြစ်သည့် RFA Burmese တို့မှ တင်ထားသော ရေနံချောင်းမြို့နယ်၊ ကုက္ကို ခွကျေးရွာအုပ်စုအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း သတင်းရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများသာ ဆောင်ရွက် ခဲ့ပြီး ကျေးရွာများအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းလုံးဝမရှိကြောင်း သိရှိရ။
နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ် ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုးမျိုးသော မဟုတ်မမှန်ကောလာဟလသတင်း အမှားများကို အွန်လိုင်းပေါ်မှ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၉-၂၀၂၄)
- ကုက္ကိုခွကျေးရွာအုပ်စုအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်း အမှန်မှာ အဆိုပါမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း သတင်း ရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများသာ ဆောင်ရွက်ခဲ့ပြီး ကျေးရွာ များအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းလုံးဝမရှိကြောင်း သိရှိရ။
Add new comment