နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂ဝ၂၄) သို့ တက်ရောက်အမှာစကားပြောကြား

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) ကို စက်တင်ဘာလ ၃ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီး ချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်-

  • ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ကိုယ်လက်အင်္ဂါချို့ယွင်းသူများ၊ မျက်မြင် အနေအထားရ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ရန် မကိုက်ညီသူများ၊ ပြည်သူ့စစ်မှု ထမ်းဥပဒေအရ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်ရရှိမည့်သူများအား ဆင့်ခေါ်ခြင်း မပြုမိစေရန်လည်း အထူးဂရုပြုကြရန်လိုမည်ဖြစ်ကြောင်း။
  • ပြည်သူ့စစ်မှုထမ်းများအား သင်တန်းတက်ရောက်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး/ ပြည်နယ်စုရပ်များမှတစ်ဆင့် သက်ဆိုင်ရာသင်တန်းကျောင်းအသီးသီးသို့ ပို့ဆောင် ရာတွင်  ကုန်လမ်း၊ ရေလမ်းဖြင့် ပို့ဆောင်ရန်ခက်ခဲသည့် ပြည်သူ့စစ်မှုထမ်း သင်တန်းသား များအား လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း။
  • ပြည်သူ့စစ်မှုထမ်းသင်တန်း (၄) ပတ်စဉ်ဖွင့်လှစ်ခဲ့ပြီးချိန်တွင် စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်း စဉ်များ၊ ဆေးစစ်ခြင်းလုပ်ငန်းစဉ်များ၊ သင်တန်းသားများ လက်ခံခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အားသာချက်/ အားနည်းချက်များအား တက်ရောက်လာ ကြသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအလုပ်အဖွဲ့များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးအကြံပြု ပေးကြရန် ပြောကြားခဲ့။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် တွေ့ကြုံရသည့် အားသာချက်/အားနည်းချက်များ၊ ပြည်သူ့စစ်မှု ထမ်းကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System- NSIMS) နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီး ဌာနများက ပူးပေါင်းဆောင်ရွက်ပေးရေး၊ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅/၂၀၂၄) ကို မကြာမီကာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်၍ ယခင်ကြုံတွေ့ခဲ့ရသည့် အားနည်းချက်၊ အားသာ ချက်များအပေါ် သုံးသပ်ပြီး သတ်မှတ်ထားသော စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၉-၂၀၂၄)

  • ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂ဝ၂၄) တွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းသင်တန်း (၄) ပတ်စဉ်ဖွင့်လှစ်ခဲ့ ပြီးချိန်တွင် စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များ၊ ဆေးစစ်ခြင်းလုပ်ငန်းစဉ်များ၊ သင်တန်း သားများ လက်ခံခြင်းလုပ်ငန်းစဉ် များနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အားသာချက်/ အားနည်းချက်များအား တက်ရောက်လာကြသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအလုပ် အဖွဲ့များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန်။
  • ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System- NSIMS) နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းခဲ့။

 

 

 

 

 

Add new comment