နိုင်ငံတစ်ဝန်းလုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်း အဖွဲ့များသည် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ-
- ဩဂုတ်လ ၂၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ တောင်ဂွကျေးရွာအနီးတွင် ပြည့်ဖြိုးကျော်(ခ)မှုန်လေးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၃၇ ကီလိုနှင့် Happy Water ၆ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့။
- စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းပါဝင်သူများဖြစ်သည့် သိန်းမင်းကျော်(ခ) ဖိုးထွေးနှင့် နိုင်ဝင်းထွန်း၊ ဘိုဘိုဇော်၊ မဒိုင်နန်း(ခ)ရွှေစင်နှင့် ဝင်းကိုကိုတို့ကို PAJERO မော်တော်ယာဉ် ၁ စီး၊ LANDCRUISER မော်တော်ယာဉ် ၁ စီးနှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့ပြီး ၎င်းမူးယစ် ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရ။
ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ငွေကြေး အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေး ယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၉-၂၀၂၄)
- သာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ တရားခံ ၆ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရ။
Add new comment