အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မ ခွဲ(င)နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် The Myanmar National Democratic Alliance Army (MNDAA) လက်နက်ကိုင်သောင်း ကျန်းသူအဖွဲ့၊ Ta'ang National Liberation Army(TNLA) လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုတ်သိမ်းပေးထားသည့် United League of Arakan(ULA)/ Arakan Army (AA) လက်နက်ကိုင်အဖွဲ့တို့အား အကြမ်းဖက်အုပ်စုအဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်တွင် ကြေညာခဲ့ပါသည်။
အဆိုပါလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်သည့် အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများ ကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖြစ် စေ ပြင်းထန်စွာထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီး ခြင်း၊ လူနေထူထပ်သည့်မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ ပြည်သူများကိုသတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်း ခြင်း၊ နိုင်ငံတော်ပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြသည်။ ထို့အပြင် နိုင်ငံတော် အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၉-၂၀၂၄)
- အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် စက်တင်ဘာလ ၂ ရက်တွင် MNDAA ၊ TNLA နှင့် AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တို့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့။
Add new comment