နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဩဂုတ်လ ၃၁ ရက်တွင် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဦးစွာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ ရောက်ရှိခဲ့ကြပြီး ပင်မလေးထပ်ဆောင်ရှေ့ရှိ အရှည် ၆၆၅ ပေ၊ အကျယ် ၁၁၀ ပေ၊ အနက် ၅ ပေရှိ ရေကန်တူးဖော်ပြီးစီးမှု၊ ရေကန်ပတ်လည် စိမ်းလန်းစိုပြည် စေရေးဆောင်ရွက်ထားရှိမှု၊ ရေကန်အတွင်းရေဖြည့်သွင်းပြီး ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် အလှဆင်ရေပန်းများတပ်ဆင်ထားရှိမှု၊ ကန်ပေါင်တွင် လူသွားလမ်းဆောင်ရွက်ပြီးစီးမှုနှင့် တက္ကသိုလ် အတွင်း သာယာလှပရေးဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က တက္ကသိုလ်အတွင်း မိုးရာသီကာလ၌ တက္ကသိုလ်ပရိဝုဏ်အတွင်း ရေဝပ်မှုများမရှိစေရန်၊ ရေမြောင်းများ စနစ်တကျတူးဖော်ထားရှိရန်၊ တက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများက စာသင်ဆောင် အသစ်ဆောက်လုပ်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယာဉ်ရပ်နားရန်နေရာများ၊ ကျောင်းသားအိပ်ဆောင်များနှင့် အထောက်အကူပြုအဆောင်များ၊ စာသင်ဆောင်များနှင့် ခန်းမများ ဆောင်ရွက်ရာတွင် အသေးစိတ်ကအစ ထည့်သွင်းတွက်ချက်စဉ်းစားကာ ရေရှည်ကိုကြည့်၍ ဆောင် ရွက်ရန်လိုကြောင်း၊ ကျောင်းဝင်းအတွင်း လူသွားလမ်းများ၊ အားကစားပြုလုပ်ရာနေရာနှင့် အပန်းဖြေ နေရာများ ဆောင်ရွက်ရာ၌ ကျောင်းတွင်တက်ရောက်မည့် ကျောင်းသားဦးရေ အချိုးနှင့်ကိုက်ညီသည့် အကျယ်အဝန်းများဖြစ်စေရေး စဉ်းစားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၉-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့သို့ သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ပြီး တက္ကသိုလ်များအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့ အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့။
Add new comment