နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ​ဒေါ်ကြူကြူလှ မိသားစုက မကွေးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် ငွေကျပ် သိန်း ၃၀ နှင့် လူထုသိပ္ပံကျမ်းစာအုပ်နှင့် သုတ၊ ရသ စာအုပ်စာစောင်မ

နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ​ဒေါ်ကြူကြူလှမိသားစုက မကွေးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် ငွေကျပ် သိန်း ၃၀ နှင့် လူထုသိပ္ပံကျမ်းစာအုပ်နှင့် သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံ လှူဒါန်းပွဲနှင့် ကျောင်းစာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၃၁ ရက်တွင် မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ပြန်ကြား​ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  နိုင်ငံတော်အကြီးအကဲသည် လူထုသိပ္ပံကျမ်းများကို လူငယ်များဖတ်ရှုလေ့လာနိုင်ရန် ပြန်လည် ပုံနှိပ်ထုတ်ဝေစေပြီး စာကြည့်တိုက်များအတွက် ဝယ်ယူလှူဒါန်းပေးလျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား စာအုပ်စာစောင်များကို ဖတ်ရှုစေလိုသည့်အတွက် ယခုလိုစာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို ကျင်းပပေးခြင်းဖြစ်ပြီး စာဖတ်လိုစိတ်များ မွေးမြူပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အကြီးအကဲက စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူပြီး စာတတ်ပြီး စာမဖတ်သူမှာ ရပ်နေသည့် လူနှင့်တူကြောင်း၊ စာတတ်ပြီး စာပေလေ့လာ ဖတ်ရှုသူဖြစ်မှသာ လမ်းလျှောက်နေသည့် လူနှင့် တူသည်ဟု လမ်းညွှန်ထားသည့်အတွက် ကျောင်းသားလူငယ်များအနေဖြင့် စာလည်းတတ်၊ စာလည်း ဖတ်ပြီး အသိဉာဏ်ပညာပြည့်ဝစွာဖြင့် အနာဂတ်ကို လျှောက်လှမ်းနေကြရမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှမိသားစုကိုယ်စား မကွေးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များ အတွက်  အလှူငွေကျပ်သိန်း ၃၀၊ လူထုသိပ္ပံကျမ်း အတွဲ (၆) နှင့် အတွဲ (၇) စာအုပ်ပေါင်း ၁၂၂ အုပ် နှင့် သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံ ၂၃၃ အုပ်တို့အားလည်းကောင်း၊ မင်းဘူးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများအတွက် DTH စလောင်းငါးစုံနှင့် DVB T2 Set Top Box ၁၅ လုံးတို့အားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်း ထပ်မံဆောက်လုပ်မည့် စာကြည့်တိုက် အဆောက်အအုံအသစ် လေးတိုက်အတွက် အလှူငွေကျပ်သိန်း ၆၀၀ အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးကလက်ခံရယူခဲ့ပါသည်။

အခမ်းအနားသို့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်မုခ်ဦးကို ပြန်ကြား​ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်​မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သိန်းထွန်းဦး၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၉-၂၀၂၃)

  • နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ​ဒေါ်ကြူကြူလှမိသားစုက မကွေးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် ငွေကျပ် သိန်း ၃၀ နှင့် လူထုသိပ္ပံကျမ်းစာအုပ်နှင့် သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံ လှူဒါန်း။
  • ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မင်းဘူးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း နှင့် အလယ်တန်းကျောင်းများအတွက် DTH စလောင်းငါးစုံနှင့် DVB T2 Set Top Box ၁၅ လုံးတို့အား ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး မကွေးတိုင်းဒေသကြီး အတွင်း ထပ်မံဆောက်လုပ်မည့် စာကြည့်တိုက်အဆောက်အအုံအသစ် လေးတိုက်အတွက် အလှူငွေကျပ်သိန်း ၆၀၀ အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီးကလက်ခံရယူခဲ့။

 

 

 

 

Add new comment