နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဩဂုတ်လ ၃၁ ရက်တွင် မှော်ဘီလေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မှ အမျိုးသမီးဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးအရာရှိခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား သက်ဆိုင်ရာခန်းမများ၌ သီးခြားစီ တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင်-
- တပ်မတော်(လေ)၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ တပ်မတော်ကို ခေတ်မီတပ်မတော် တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် တပ်မတော် (ကြည်း) တစ်ခုတည်းသာမက တပ်မတော် (ရေ) နှင့် တပ်မတော် (လေ) တို့၏ အင်အားနှင့်စွမ်းပကားများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
- တပ်မတော် (လေ) ကို ခေတ်အဆက်ဆက် အဆင့်မြှင့်တင်တည်ဆောက်ပေးခဲ့ပြီး ခေတ် စနစ်နှင့်လျော်ညီသည့်လေယာဉ်၊ ရဟတ်ယာဉ်များကိုလည်း တပ်ဆင်ပေးထားကြောင်း။
- လေကြောင်းဆိုင်ရာကျွမ်းကျင်သူအရာရှိ၊ စစ်သည်များကိုလည်း စဉ်ဆက်မပြတ် မွေးထုတ် လျက်ရှိပြီး အမျိုးသမီးအရာရှိများအနေဖြင့် အမျိုးသားအရာရှိများနည်းတူ ပျံသန်းရေး တာဝန်များတွင် ထမ်းဆောင်နေပြီဖြစ်ကြောင်း။
- လေကြောင်းစွမ်းပကားဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ချမှတ်ထားသည့် ကာကွယ်ရေး မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် လေ့ကျင့်ခြင်းများကို စနစ်တကျ ဆောင်ရွက် နေရန်လိုပြီး တစ်ဦးချင်း၏စွမ်းရည်နှင့် စိတ်ဓာတ်များ ကောင်းမွန်အောင် ဆောင်ရွက်ရန် လိုကြောင်း။
- အမျိုးသမီးစစ်မှုထမ်းကဏ္ဍနှင့်စပ်လျဉ်း၍ တပ်မတော်၌ အမျိုးသမီးစစ်မှုထမ်းများ ခန့်အပ် တာဝန်ပေးအပ်ထမ်းဆောင်လျက်ရှိသည်မှာ ရှေးယခင်ကတည်းကပင်ရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြားကာလအချိန်များတွင် ဆေးဝန်ထမ်း တပ်ဖွဲ့များမှအပ အခြားအမျိုးသမီးစစ်မှုထမ်းများကို တာဝန်ပေးအပ်နိုင်မှုမရှိခဲ့ကြောင်း။
- ၂၀၁၄ ခုနှစ်၌ တပ်မတော်တွင် အမျိုးသမီးအရာရှိများ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးဝန်ထမ်း တပ်ဖွဲ့အသီးသီး၌ အမျိုးသမီးအရာရှိများ တာဝန်ထမ်းဆောင်လျက်ရှိပြီဖြစ်သလို အခြား အဆင့် အမျိုးသမီးစစ်မှုထမ်းများကိုလည်း ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများကို ဆက်လက်ခန့်အပ်ပေးလျက်ရှိကြောင်း။
- အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများအဖြစ် သင်တန်းတက်ရောက်နေကြသူများ သည် တက္ကသိုလ်များ၌ဘွဲ့ရပြီးကြသူများဖြစ်၍ အသက်အရွယ်အားဖြင့်လည်း မိမိကိုယ်ပိုင် ဆုံး ဖြတ်ချက်များကို ချမှတ်နိုင်သည့် အရွယ်များသို့ရောက်ရှိပြီး ဖြစ်ကြသည့်အပြင် ကိုယ်ပိုင် ဆုံးဖြတ်ချက်များဖြင့် တပ်မတော်အတွင်းသို့ ဝင်ရောက်လာသူများ ဖြစ်သဖြင့် ခံယူချက် များ အခြေခံအားဖြင့်ကောင်းမွန်ပြီးဖြစ်ကြောင်း။
- စစ်အတတ်ပညာများကို သင်ကြားပေးခြင်းသည် တိုက်ပွဲဝင်နိုင်စေရန် လေ့ကျင့် သင် ကြား ပေးခြင်းပင်ဖြစ်ပြီး လေ့ကျင့်သင်ကြားပေးလိုက်သည့်ပညာရပ်များကို သင်တန်း ကျောင်းတွင်သာမကဘဲ တာဝန်ထမ်းဆောင်ချိန်များ၌လည်း ပြန်လည် လေ့ကျင့်ဆောင် ရွက်နေရန်လိုကြောင်း။
- ဗိုလ်လောင်းသင်တန်းပြီးဆုံး၍ ကျရာတာဝန်များကို ထမ်းဆောင်ရာတွင်လည်း တစ်ဦး ချင်းတစ်ယောက်ချင်းအလိုက်အသိစိတ်ဖြင့် အရာရှိကောင်းများဖြစ်အောင် ထိန်းသိမ်း နေထိုင်ရမည်ဖြစ်ကြောင်း။
- တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတော်နှင့်တပ်မတော်မှ အားကိုးအားထားရသည့် အမျိုး သမီးအရာရှိကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
- တပ်မတော်သို့ဝင်ရောက်လာကြသည့် အရာရှိ၊ စစ်သည်များအားလုံးသည် မည်သူ တစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်လာကြသူများဖြစ်သဖြင့် အခြေခံအားဖြင့်စိတ်ဓာတ် ကောင်းမွန်ပြီးဖြစ်ကြောင်း။
- သစ္စာလေးချက်ဦးထိပ်ပန်ဆင်၍ နိုင်ငံတော်အပေါ် သစ္စာဆိုထားသည့် တပ်မတော်သား တစ်ဦးချင်းစီအနေဖြင့် မိမိကိုယ်ကို၊ မိမိအဖွဲ့အစည်းနှင့် နိုင်ငံတော်အပေါ် သစ္စာရှိရမည် ဖြစ်ပြီး ခံယူချက်ကောင်းရမည်ဖြစ်ကြောင်း။
- တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ တပ်မတော်သားများ သည်လည်း ပြည်သူများ၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း။
- တပ်မတော်သားများသည် ပြည်သူများမှ ပေါက်ဖွားလာကြသူများဖြစ်ပြီး နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို အသက်စွန့်၍ တာဝန်ထမ်းဆောင်ရန် သစ္စာဆိုတိုင်တည် ထား သည့် အဖွဲ့အစည်းဖြစ်သဖြင့် နိုင်ငံတော်အတွက် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ကြောင်း။
- တပ်မတော်သားများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် တာဝန်ထမ်းဆောင်ကြရန်လိုပြီး နိုင်ငံရေးနှင့်ပတ်သက်၍ နိုင်ငံ့အရေး၊ အမျိုးသား အရေး ကို ဆောင်ရွက်သွားရမည်သာဖြစ်ကြောင်း၊
- မိမိတို့အနေဖြင့် နိုင်ငံတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း။
- သက်သာချောင်ချိရေးနှင့်ပတ်သက်၍လည်း တပ်မတော်အနေဖြင့် တတ်နိုင်သရွေ့ ဖြည့် ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး အုပ်ချုပ်သူအဆင့်ဆင့်မှလည်း မိမိတို့တပ်ဖွဲ့များ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း။
- စစ်သည်တစ်ဦးချင်းစီနှင့် ၎င်းတို့၏မိသားစုဝင်များ၏ လူမှုရေးအခက်အခဲ၊ အကျပ် အတည်း များကိုလည်း မိမိတို့တတ်စွမ်းသည့်ဘက်မှ ကူညီဖြေရှင်းဆောင်ရွက်ပေးရန် လိုကြောင်း။
- စစ်သည်တစ်ဦးချင်းအလိုက် စိတ်ဓာတ်နှင့်ခံယူချက်များ ကောင်းမွန်မည်ဆိုပါက တပ်၏ အရည်အချင်းများ မြင့်မားလာမည်ဖြစ်ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) ရှိ တပ်ဖွဲ့ဝင် များအားလုံး အရည်အချင်းပြည့်ဝအောင်ဆောင်ရွက်၍ အပြန်အလှန် ပူးပေါင်း ဆောင်ရွက် သွားမည်ဆိုပါက တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး စွမ်းအားသည်လည်း တိုးတက် လာမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ မှော်ဘီလေတပ် စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိများ၊ အမျိုးသမီးဗိုလ်လောင်း သင်တန်းသူများနှင့် အမျိုးသမီးအရာရှိ ခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များ သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) မှ အမျိုးသမီးဗိုလ်လောင်း သင်တန်း သူများ၊ အမျိုးသမီးအရာရှိ ခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားပေး စကားပြောကြားခဲ့ပါသည်။
တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီးက တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏အခန်းကဏ္ဍကို အားသစ်လောင်းမည့်ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင် တန်းများ ဖွင့်လှစ်သင်ကြားမွေးထုတ်ပေးလျက်ရှိသည့်အခြေအနေများ၊ အမျိုးသမီးအရာရှိများအား တပ်စုမှူးသင်တန်း၊ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုနှင့် လေ့ကျင့်ရေးတာဝန်များ ထမ်းဆောင်နိုင်မှု တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သင်တန်းများတွင် လေ့ကျင့်ပေးရမည့် ပညာရပ်များကို အမှန်တကယ် တတ်မြောက်အောင် အပြည့်အဝလေ့ကျင့်သင်ကြားပေးရန်နှင့် အခြားလေ့ကျင့်ရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များလမ်းညွှန်မှာကြားပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မှော်ဘီတပ်နယ်အတွင်းရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၁-၉-၂၄)
- တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် တပ်မတော် (ကြည်း) တစ်ခု တည်းသာမက တပ်မတော် (ရေ) နှင့် တပ်မတော် (လေ) တို့၏ အင်အားနှင့်စွမ်းပကားများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်။
- လေကြောင်းစွမ်းပကားဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ချမှတ်ထားသည့် ကာကွယ်ရေး မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် လေ့ကျင့်ခြင်းများကို စနစ်တကျ ဆောင်ရွက်နေရန် လိုပြီး တစ်ဦးချင်း၏စွမ်းရည်နှင့် စိတ်ဓာတ်များ ကောင်းမွန်အောင် ဆောင်ရွက်ရန်လို။
- ၂၀၁၄ ခုနှစ်၌ တပ်မတော်တွင် အမျိုးသမီးအရာရှိများ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ဆောင် ရွက်ခဲ့ပြီး လက်ရှိအချိန်၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံး ဝန်ထမ်းတပ်ဖွဲ့အသီးသီး၌ အမျိုးသမီးအရာရှိများ တာဝန်ထမ်းဆောင်လျက်ရှိပြီဖြစ်သလို အခြားအဆင့် အမျိုးသမီးစစ်မှု ထမ်းများကိုလည်း ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများကို ဆက်လက်ခန့်အပ်ပေးလျက်ရှိ။
- တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတော်နှင့်တပ်မတော်မှ အားကိုးအားထားရသည့် အမျိုးသမီး အရာရှိကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လို။
- တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ တပ်မတော်သားများသည်လည်း ပြည်သူများ၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်။
- တပ်မတော်သားများသည် ပြည်သူများမှ ပေါက်ဖွားလာကြသူများဖြစ်ပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို အသက်စွန့်၍ တာဝန်ထမ်းဆောင်ရန် သစ္စာဆိုတိုင်တည်ထားသည့် အဖွဲ့အစည်း ဖြစ်သဖြင့် နိုင်ငံတော်အတွက် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်။
- တပ်မတော်သားများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် တာဝန် ထမ်းဆောင်ကြရန်လိုပြီး နိုင်ငံရေးနှင့်ပတ်သက်၍ နိုင်ငံ့အရေး၊ အမျိုးသားအရေးကို ဆောင် ရွက်သွားရမည်သာဖြစ်။
- တပ်မတော် (ကြည်း၊ ရေ၊ လေ) ရှိ တပ်ဖွဲ့ဝင် များအားလုံး အရည်အချင်း ပြည့်ဝအောင် ဆောင်ရွက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးစွမ်းအားသည်လည်း တိုးတက်လာမည်ဖြစ်။
Add new comment