နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် International Transport Summit(2024) နှင့် International Municipal BRICS Forum(2024) တို့သို့ တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်  ဩဂုတ် ၂၁ ရက်မှ ၂၉ ရက်အထိ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် နိုင်ငံတကာသယ်ယူ ပို့ဆောင်ရေးထိပ်သီးအစည်းအဝေး (International Transport Summit 2024) နှင့် BRICS အဖွဲ့၏ နိုင်ငံတကာ မြူနီစပယ်ဖိုရမ် (International Municipal Forum of BRICS Countries) တို့သို့တက်ရောက်ခဲ့ပြီး ဩဂုတ်လ ၃၀ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ရောက်ရှိကြပါသည်။

အဆိုပါ  နိုင်ငံတကာသယ်ယူပို့ဆောင်ရေးထိပ်သီးအစည်းအဝေးကို သြဂုတ်လ ၂၁ ရက်မှ ၂၅ ရက်အထိ မော်စကို အစိုးရပို့ဆောင်ရေးနှင့် လမ်းများဆိုင်ရာအခြေခံအဆောက်အအုံဖွံ့ဖြိုးမှုဌာနနှင့် ပြည်ပစီးပွားဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနတို့ ပူးပေါင်း၍ မြို့ပြဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာများ ပေါင်းစပ်ဖွံ့ဖြိုးရေး၊ အဆင့်မြှင့်တင်ရေးတို့နှင့် ပတ်သက်၍ မိတ်ဖက်မြို့ များ၏ အတွေ့အကြုံများဆွေးနွေးဖလှယ်ရန်အတွက် နိုင်ငံတကာကျွမ်းကျင်သူများတွေ့ဆုံနိုင်မည့် စင်္ကြံတစ်ရပ် ဖြစ်ပေါ်လာစေရေး၊ မြို့ပြသွားလာ‌ရေးနှင့် မြို့များအဆင့်အတန်းမြင့်မားရေးတို့တွင် ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှု ဖြေရှင်းဆောင်ရွက်ရာတွင် စနစ်ကျသည့်  နည်းလမ်းများကို ပူးပေါင်း ဆောင်ရွက်ရန်တို့အတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၉-၂၀၂၄)

  • နိုင်ငံတကာသယ်ယူပို့ဆောင်ရေးထိပ်သီးအစည်းအဝေးတွင် မော်စကိုအစိုးရပို့ဆောင်ရေးနှင့် လမ်းများဆိုင်ရာအခြေခံအဆောက်အအုံဖွံ့ဖြိုးမှုဌာနနှင့် ပြည်ပစီးပွားဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနတို့ ပူးပေါင်း၍ မြို့ပြဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာများ ပေါင်းစပ်ဖွံ့ဖြိုးရေး၊ အဆင့်မြှင့်တင်ရေးတို့နှင့် ပတ်သက်၍ မိတ်ဖက်မြို့များ၏ အတွေ့အကြုံ များဆွေးနွေးခဲ့။

 

 

 

 

 

Add new comment