နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားပြောကြား

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဩဂုတ်လ ၃၀ ရက်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး ပြောကြားခဲ့ရာ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးဆိုင်ရာ အချက်အလက်များ၊ သီးနှံများ စိုက်ပျိုးလျက်ရှိမှု၊ စပါးထွက်ရှိမှုနှင့် ဒေသဝမ်းစာဖူလုံမှု၊ ရေအရင်းအမြစ်များရရှိမှုနှင့် ထိန်းသိမ်းထား ရှိမှု၊ စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်းကိရိယာများ ဖြန့်ဝေပေးလျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍

  • အထွက်နှုန်းများ ပိုမိုတိုးတက်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထွက်ရှိလာသည့် ဆန်၊ စပါးများကို ပြည်ပဈေးကွက်သို့တင်ပို့နိုင်သည့် အရည်အသွေးရရှိသည်အထိ သုသေသနပြု ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသတွင်း စားသုံးဆီဖူလုံမှုကို အထောက်အကူပြု စေရန်အတွက် ဆီထွက်သီးနှံတစ်ခုဖြစ်သည့် နေကြာစိုက်ပျိုးမှုများကိုလည်း တိုးချဲ့ဆောင်ရွက် သွားရန်လိုကြောင်း။

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့်ပတ်သက်၍

  • ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် နိုင်ငံရေးအရအရေးပေါ်အခြေအနေကြေညာခဲ့ပြီး  တပ်မတော်မှ နိုင်ငံ့တာဝန် များကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး တို့အတွက် မူဝါဒများ၊ ဦးတည်ချက်များချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေ များနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးနှင့်ပတ်သက်၍

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကို သင်ခန်းစာယူပြီး လာမည့်ရွေးကောက်ပွဲ တွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ အပါအဝင် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျစီမံဆောင်ရွက်လျက်ရှိကြောင်း။
  • မဲစာရင်းအချက်အလက်များ မှန်ကန်မှုရှိစေရေး လာမည့်အောက်တိုဘာလတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
  • ရွေးကောက်ပွဲကို စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍

  • ယခင်က ပြည်ပမှဝင်နေသည့် ဝင်ငွေများကို ပြန်လည်စိစစ်ခဲ့ရာတွင် ချေးငွေများ၊ ထောက်ပံ့ ငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ပြည်ပ ချေးငွေများကို တတ်နိုင်သမျှ ပြန်လည်ပေးဆပ်ရလျက်ရှိကြောင်း။
  • အဓိကအားဖြင့် ကုန်သွယ်မှုများဆောင်ရွက်နိုင်ရန်အတွက် ကုန်ထုတ်လုပ်မှုများ တိုးတက် အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ နိုင်ရန်အတွက် အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ပသို့ ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်မှသာ နိုင်ငံခြားငွေများတိုးတက်ရရှိပြီး နိုင်ငံ့စီးပွားရေး တိုးတက် လာမည်ဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ စဉ်းစားဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံ့ ဝန်ထမ်းများအတွက် ထောက်ပံ့ကြေးများတိုးပေးခြင်းနှင့် သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင် လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အတွက်လည်း ထိုက်သင့်သည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ပညာရေးနှင့်ပတ်သက်၍

  • ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက် ရောက်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းများလည်း ကောင်းမွန်နေရန်လိုကြောင်း။
  • သဘာဝဘေးအန္တရာယ်နှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသားများ အမှန်တကယ် ပညာတတ်မြောက် စေရေး အချိန်ပိုများဖြင့် သင်ကြားပေးသွားရန်လိုကြောင်း။
  • နိုင်ငံသားများအနေဖြင့်စီးပွားရေး အခြေခံများရရှိစေရန်အတွက် တက္ကသိုလ်များတွင် စီးပွားရေးပညာရပ်များကို သင်ကြားပေးလျက်ရှိသကဲ့သို့ ဒီမိုကရေစီကိုသိရှိနားလည်နိုင်ရန် အတွက် တက္ကသိုလ်များတွင် ဥပဒေပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း။
  • ပဲခူးတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်သည့် တိုင်းဒေသကြီးဖြစ်ပြီး အသိပညာအတတ် ပညာပြည့်ဝသည့် လူငယ်များမွေးထုတ်နိုင်မည်ဆိုပါက ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်၍

  • ဆေးရုံရှိလျင် ဆရာဝန်ရှိရမည်ဟူသည့် မူဝါဒနှင့်အညီ ဆရာဝန်များအား ခန့်အပ်တာဝန် ပေးထားကြောင်း၊ နိုင်ငံအဝန်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်အနေဖြင့် ကျန်းမာရေးဝန်ထမ်းများ စဉ်ဆက်မပြတ်ခန့်အပ်ပေးလျက် ရှိကြောင်း။
  • ကျန်းမာရေးနှင့်ဆက်စပ်၍ အားကစားကဏ္ဍတိုးတက်မှုရှိစေရေးအတွက်လည်း တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းစေရေး၊ စိတ်ဓာတ်ကောင်းမွန်စေရေး၊ အားကစားနည်းအလိုက် နည်းစနစ်ပိုင်းဆိုင်ရာများ ကျွမ်းကျင်မှု ရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေး၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်ရေးတို့အတွက် အားကစားကဏ္ဍကို မြှင့်တင်ခြင်းဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍

  • တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေးကို ဆောင်ရွက်လျက် ရှိပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံ ရပ်မိ၊ ရပ်ဖများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးအဆင့်ဆင့် တွင်လည်း ဒေသအကျိုးအတွက် အမှန်တကယ် တာဝန်ထမ်းဆောင်လိုသည့်သူများကိုသာ တာဝန်ပေးအပ်ရန်လိုကြောင်း။
  • အုပ်ချုပ်ရေးမှူးများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့် မြေပြင်၌ အမှန်တကယ် ထိတွေ့နေသူများဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအပေါ် ကောင်းမွန်စွာဆက်ဆံဆောင်ရွက်ရန် လိုကြောင်း၊ အဆင့်ဆင့်သတင်းပေးသည့်စနစ်ကို ဖော်ဆောင်၍ ဒေသအတွက် ကောင်းရာ ကောင်းကျိုးဆောင်ရွက်မည့်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းကို ကျေးလက်များအထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုပါက သန်းခေါင်စာရင်းကောက်ယူမှုများနှင့် ရွေးကောက်ပွဲကျင်းပမှုများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီးအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍကို အလေးထားဆောင်ရွက်သွားရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ပဲခူးမြို့၊ ကမ္ဘောဇသာဒီရွှေနန်းတော်သို့လည်းကောင်း၊  ဟံသာဝတီနေပြည်တော်၊ သာယာဝတီ တံခါးအနီးရှိ  ဟံသာဝတီမြို့ဟောင်းကျုံးနှင့် မြို့ရိုးနေရာတို့အားလည်းကောင်း ကြည့်ရှုစစ်‌ဆေးခဲ့ရာ တာဝန်ရှိသူများ၏ တင်ပြချက်များနှင့်ပတ်သက်၍  အသေးစိတ်ပြန်လည်ဆွေးနွေးခဲ့ပြီး အခြားလိုအပ် သည်များကို မှာကြားခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၈-၂၀၂၃)

  • ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ် များကို သင်ခန်းစာယူပြီး လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိ။
  • မဲစာရင်းအချက်အလက်များ မှန်ကန်မှုရှိစေရေး လာမည့်အောက်တိုဘာလတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်။
  • ရွေးကောက်ပွဲကို စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်။
  • နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ စဉ်းစားဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ကြေးများတိုးပေးခြင်းနှင့် သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက်လည်း ထိုက်သင့်သည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိ။
  • ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက် ရောက်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်၊ တန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းများလည်း ကောင်းမွန် နေရန်လို။
  • သဘာဝဘေးအန္တရာယ်နှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသားများ အမှန်တကယ် ပညာတတ်မြောက်စေရေး အချိန်ပိုများဖြင့် သင်ကြားပေးသွားရန်လို။
  • အဆင့်ဆင့်သတင်းပေးသည့်စနစ်ကိုဖော်ဆောင်၍ ဒေသအတွက် ကောင်းရာကောင်းကျိုးဆောင်ရွက် မည့်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းကို ကျေးလက်များအထိ ထိထိရောက်ရောက် ဆောင်ရွက် နိုင်မည်ဆိုပါက သန်းခေါင်စာရင်းကောက်ယူမှုများနှင့် ရွေးကောက်ပွဲကျင်းပမှုများကို များစွာအထောက် အကူပြုနိုင်မည်ဖြစ်။

 

 

 

 

Add new comment