နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြပြီး တရားသောစစ်ဆင်နွှဲနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ပြည်သူလူထုက တိုင်းစစ်ဌာနချုပ်အသီးသီးသို့ စားသောက်ဖွယ်ရာများလာရောက်ဂုဏ်ပြုပေးအပ်

နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တရားသော စစ်ဆင်နွှဲနေသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များအား ပြည်သူ တစ်ရပ်လုံးက အားပေးထောက်ခံဂုဏ်ပြုလျက်ရှိပါသည်။ တရားသောစစ်ဆင်နွှဲနေသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်ပြည်သူ များက အင်အားဖြည့်စားသောက်ဖွယ်ရာများ၊ ဆေးဝါးများ၊ အလှူငွေများကို နေ့စဉ် တိုင်းစစ်ဌာနချုပ် အသီးသီးသို့ လာရောက်လှူဒါန်းလျက်ရှိပါသည်။

  • နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ပေးပို့လှူဒါန်းရာတွင်
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌရုံးဝန်ကြီး ဌာန (၁)၊ (၂)၊ (၃)၊ (၄) တို့မှ ဝန်ထမ်းမိသားစုများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင် မိသားစုများ၊ ဗမာလူငယ်များအစည်းအရုံး၊ သီရိခေထရာဖောင်ဒေးရှင်းဝန်ထမ်း မိသားစုများနှင့် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေကျပ် တစ်ရာလေးဆယ့်ငါးသိန်း ခြောက်သောင်းတစ်ထောင့်တစ်ရာနှင့် ငွေကျပ်တစ်ရာ ခြောက်ဆယ့်ကိုးသိန်းကိုးသောင်း ခုနှစ်ထောင်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို တိုင်းမှူးထံ အသီးသီးဂုဏ်ပြုပေးအပ်ကြရာ တိုင်းမှူးကဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့။
  • ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်းငါးဆယ်နှင့် ငွေကျပ်သိန်းသုံးဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ်တစ်ရာ့ခြောက် သိန်းရှစ်သောင်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်ရုံးဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ဆယ်သိန်းကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ရုံးဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်းနှစ်ဆယ်ကို လည်းကောင်း၊ အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းသားစုများက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ဆယ်သိန်းကိုလည်းကောင်း တိုင်းမှူးထံ အသီးသီးဂုဏ်ပြုပေးအပ်ခဲ့။
  • အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပေးပို့လှူဒါန်းရာတွင်
  • ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ထမ်းမိသားစုများက လှူဒါန်းသော ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ဒုတိယတိုင်းမှူးက လက်ခံရယူခဲ့။
  • အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပေးပို့လှူဒါန်းရာတွင်
  • မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက စေတနာရှင်အလှူရှင်များမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စားသောက် ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများအား ရှေ့တန်းစစ်မျက်နှာအသီးသီး တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိ ရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၈-၂၀၂၄)

  • နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအတွက် တရားသောစစ်ဆင်နွှဲနေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာဝန်ထမ်း များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို တိုင်းစစ် ဌာနချုပ်အသီးသီးသို့ ဂုဏ်ပြုပေးအပ်လျက်ရှိရာ တာဝန်ရှိသူများက လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရ။

 

 

 

 

 

 

 

Add new comment