ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၈) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်မှ ၂၉ ရက်အထိ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပသော (၁၈) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာအာဆီယံဝန်ကြီး အဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (18th ASEAN Ministerial Meeting on Transnational Crime and its Related Meetings - 18th AMMTC) သို့ တက်ရောက်ခဲ့ပြီး ဩဂုတ် လ ၃၀ ရက် တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

(၁၈) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ ရှိ Latsavong Wanda Vista ဟိုတယ်၌ ဩဂုတ်လ ၂၈ ရက်တွင် ကျင်းပရာ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ၊ လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ဝန်ကြီးအဆင့်များနှင့် အဆင့်မြင့်အရာရှိ ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ စုစုပေါင်း ၂၂၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

(၁၈) ကြိမ်မြောက် AMMTC အစည်းအဝေးကို အိမ်ရှင်လာအိုနိုင်ငံ AMMTC ခေါင်းဆောင်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး AMMTC ခေါင်းဆောင်/ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ်က-

  • မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူသန်းပေါင်းများစွာ၏ ဘဝများကို ဆိုးရွားစွာ ထိခိုက်စေသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ် ဖောက်ကားမှုသည် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် စေသည့် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့နှင့် တစ်နည်းတစ်ဖုံဆက် စပ်နေကြောင်း၊
  • မြန်မာအာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ Precursor chemical များစီးဆင်းမှု ကို ထိန်းချုပ်ရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်နေကြောင်း၊ သို့ရာတွင် နယ်စပ်ဒေသ များမှတစ်ဆင့် စီးဝင်နေသော တရားမဝင်ဓာတုပစ္စည်းများအား ထိန်းချုပ်ရာတွင် စိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရကြောင်း၊
  • မြန်မာနိုင်ငံရှိအစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းအချို့က မူးယစ်ဆေးဝါးလုပ်ငန်း များတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသော်လည်း လက်တွေ့တွင်မူ ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်းသို့ ဓာတုပစ္စည်းများ တရားမဝင်တင်သွင်းနေပြီး ပြည်ပဓါတု ပညာရှင်များ၏ အကူအညီဖြင့် မူးယစ်ဆေးဝါးများ ချက်လုပ်နေကြကြောင်း၊
  • မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအထူးစစ်ဆင်ရေးများကို (၄၀) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Operation 39 ကို ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတု ပစ္စည်းနှင့် မူးယစ်ဆေးဝါးအမြောက်အမြားကို အောင်မြင်စွာ ဖမ်းဆီးရမိခဲ့ကြောင်း၊ သို့ဖြစ်၍ Operation 39/24 ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
  • မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများကို စဉ်ဆက်မ ပြတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်လည်း အိမ်နီးချင်းနိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
  • ကူညီရှာဖွေကယ်တင်ပေးနိုင်ရန် ပြည်ပနိုင်ငံများမှ အကူအညီတောင်းခံထားသူများနှင့်ပတ် သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များအကြား ပူးပေါင်းပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိရာ ရလဒ်များအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်အထိ (၅၄၃၇၃) ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အနက် (၅၂၁၆၄) ဦးကို တရုတ်နိုင်ငံသို့လည်းကောင်း၊ (၁၉၉၂) ဦးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ လည်းကောင်း ပြန်လည်လွှဲပေးခဲ့ပြီးဖြစ်ကြောင်း၊ လေ့လာဆန်းစစ်ချက်အရ အဆိုပါကယ် ဆယ်ခံရသူများအနက် ၁၀ ရာခိုင်နှုန်းသာ တရားဝင် ဝင်ရောက်ကြသူများဖြစ်ပြီး ကျန် ၉၀ ရာခိုင်နှုန်းမှာ တရားမဝင် ဝင်ရောက်သူများဖြစ်ကြောင်းဆွေးနွေးခဲ့။

(၁၈) ကြိမ်မြောက် AMMTC အစည်းအဝေးတွင် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်း များ တိုက်ဖျက်ရေးကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သဘောတရားစာတမ်း၊ ၂ ခု၊ လမ်းညွှန်ချက် ၂ ခု၊ လုပ်ငန်းလမ်းညွှန် ၁ ခု၊ ကြေညာချက် ၂ ခုနှင့် ပူးတွဲကြေညာချက် ၅ ခုတို့ကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

အစည်းအဝေးဒုတိယနေ့၊ ဩဂုတ်လ ၂၉ ရက်တွင် အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားတို့နှင့် (၁၄)ကြိမ်မြောက် AMMTC + 3 အစည်းအဝေး၊ (၁၁)ကြိမ်မြောက် AMMTC + China အစည်းအဝေး၊ (၉)ကြိမ်မြောက် AMMTC + Japan အစည်းအဝေးနှင့် (၄)ကြိမ် မြောက် AMMTC + ROK အစည်းအဝေးတို့ကို အဆိုပါဟိုတယ်၌ ဆက်လက်ကျင်းပရာ (၉)ကြိမ် မြောက် AMMTC + Japan အစည်းအဝေးတွင် ဂျပန်နိုင်ငံကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားမှုအပေါ် မြန်မာကိုယ်စားလှယ်က တုံ့ပြန်ပြောကြား ရာတွင်-

  • အဆွေတော်၏ ယခုပြောကြားချက်သည် အခြားနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောဆို ခြင်းဖြစ်၍ အစည်းအဝေး၏ရည်ရွယ်ချက်နှင့် လိုက်လျောညီထွေမရှိကြောင်း၊ အဆွေတော် တို့ ဂျပန်နိုင်ငံသည် အာဆီယံ၏လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရာမှ ဆွေးနွေးဖက် နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း၊ သို့ပါ၍ အဆွေတော်တို့အနေဖြင့် အာဆီယံပဋိဉာဉ်စာတမ်းနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းအသေးစိတ်စီမံချက် (၂၀၂၅) တို့၌ ပြဋ္ဌာန်း ဖော်ပြထားသော အခြေခံစည်းမျဉ်းများ၊ မူဝါဒများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ အ ထူးသဖြင့် “အခြားနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရ” ဟူသော အချက်ပင်ဖြစ်ကြောင်း၊ သို့ပါ၍ အဆွေတော်အနေဖြင့် ယခုအစည်းအဝေး၏ အဓိကရည် ရွယ်ချက်များအပေါ်၌သာ အာရုံပြုပြောကြားပေးနိုင်ပါရန် မေတ္တာရပ်ခံကြောင်း ပြောကြားခဲ့။

(၁၈) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများတွင် အတည်ပြုမည့် သဘော တရားစာတမ်းများ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ကြေညာချက်များအား ညှိနှိုင်းဆွေးနွေး နိုင်ရေးအတွက် အဆင့်မြင့်အရာရှိကြီးများ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးများဖြစ်သော နိုင်ငံဖြတ် ကျော်မှုခင်းများဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOMTC)၊ SOMTC + 3 ၊ SOMTC + China ၊ SOMTC + Japan နှင့် SOMTC + ROK တို့ကို ဩဂုတ်လ ၂၇ ရက်၊ နံနက် ၈ နာရီခွဲတွင် အဆိုပါဟိုတယ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံ SOMTC ခေါင်းဆောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ယာယီရဲမှူးချုပ် ကျော်ဇေယျ ဦး ဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၈-၂၀၂၄)

  • မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုသည် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်ရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်း ဖက်မှုတို့နှင့် တစ်နည်းတစ်ဖုံဆက်စပ်နေ။
  • မြန်မာနိုင်ငံရှိအစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းအချို့က မူးယစ်ဆေးဝါးလုပ်ငန်းများ တွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသော်လည်း လက်တွေ့တွင်မူ ၎င်းတို့၏ ထိန်းချုပ် နယ်မြေများအတွင်းသို့ ဓာတုပစ္စည်းများ တရားမဝင်တင်သွင်းနေပြီး ပြည်ပဓါတု ပညာရှင်များ၏ အကူအညီဖြင့် မူးယစ်ဆေးဝါးများ ချက်လုပ်နေ။
  • မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများကို စဉ်ဆက်မပြတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ။

Add new comment