နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

          ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ တတိယ အကြိမ်အစည်းအဝေးကို ဩဂုတ်လ ၂၉ ရက်တွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာ စကားပြောကြားခဲ့ရာတွင်-

  • အမျိုးသားအားကစားပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် လည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများအဖြစ် မျှော်မှန်းကြိုးစား ယှဉ်ပြိုင် သွားကြရမည်ဖြစ်ကြောင်း။
  • အမျိုးသားအားကစားပွဲတော် ကျင်းပရန် (၃) လဝန်းကျင်ခန့် အချိန်ရရှိသေးသော်လည်း ကော်မတီဝင်များ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်မျှော်မှန်း ဆောင်ရွက်ထားရန်နှင့် ဖွင့်ပွဲ၊ ပိတ်ပွဲ၊ အခမ်းအနားများ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲပွဲစဉ်တစ်လျှောက် လစ်ဟာမှုမရှိအောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
  • ယခင်အစိုးရ များလက်ထက်တွင်လည်း ထူးချွန်အောင်မြင်ခဲ့သည့် အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်ခဲ့သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်လျက်ရှိကြောင်း။
  • ချီးမြှင့်ခဲ့မှုအနေဖြင့် အာရှနှင့် အရှေ့တောင်အာရှအဆင့်အားကစား ပြိုင်ပွဲကြီးများ အပါအဝင် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးပေါင်း ၂၂ ခုသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၇၇)ခု၊ ငွေတံဆိပ် (၈၇) ခုနှင့် ကြေးတံဆိပ် (၁၅၉) ခုရရှိအောင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများကို အခမ်းအနားများကျင်းပပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်၍ ဆုကြေးငွေ အားဖြင့် ငွေကျပ် (၇၄၅၂၃) သိန်းနှင့် အမေရိကန်ဒေါ်လာ (၁၃၃၉၀၀) တို့ကို အားကစား သမားများအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း။
  • ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် အားကစားသမားများ၏ အသက်တိကျမှန်ကန်ရေးနှင့် ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ E-id Software အသုံးပြု စစ်ဆေးပေးရန်လိုကြောင်း။
  • ထို့ပြင် တားမြစ်ဆေးဝါးသုံးစွဲပြီး ယှဉ်ပြိုင်ခြင်း မရှိစေရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက ဆေးပညာရှင်များနှင့် သေချာစွာကြပ်မတ်စစ်ဆေးမှသာ မှန်ကန်မျှတသည့် ပြိုင်ပွဲဖြစ်လာ မည်ဖြစ်ကြောင်း။
  • ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများက ကဏ္ဍအလိုက် အမျိုးသားရေး အသိစိတ်ဓာတ် နှင့်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မမျှော်မှန်းနိုင်သည့် လုပ်ငန်းအခက်အခဲများ ပေါ်ပေါက်လာပါကလည်း တာဝန်ရှိသူအဆင့်ဆင့်က အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက် သွားကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

         ထို့နောက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားကြမည့် အစီအမံများကို  ရှင်းလင်းဆွေးနွေး တင်ခဲ့ပြီး ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၈-၂၀၂၄)

  • အာရှနှင့် အရှေ့တောင်အာရှအဆင့်အားကစားပြိုင်ပွဲကြီးများအပါအဝင် နိုင်ငံတကာအားကစား ပြိုင်ပွဲကြီးပေါင်း ၂၂ ခုသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၇၇)ခု၊ ငွေတံဆိပ် (၈၇) ခုနှင့် ကြေးတံဆိပ် (၁၅၉) ခုရရှိအောင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် နိုင်ငံ့လက်ရွေးစင်အားကစား သမားများကို အခမ်းအနားများကျင်းပပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်၍ ဆုကြေးငွေအားဖြင့် ငွေကျပ် (၇၄၅၂၃) သိန်းနှင့် အမေရိကန် ဒေါ်လာ (၁၃၃၉၀၀) တို့ကို အားကစားသမားများအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့။
  • ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် အားကစားသမားများ၏ အသက်တိကျမှန်ကန်ရေးနှင့် ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ E-id Software အသုံးပြု စစ်ဆေးပေးရန်လို။
  • တားမြစ်ဆေးဝါးသုံးစွဲပြီး ယှဉ်ပြိုင်ခြင်း မရှိစေရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက ဆေးပညာရှင် များနှင့် သေချာစွာကြပ်မတ်စစ်ဆေးမှသာ မှန်ကန်မျှတသည့် ပြိုင်ပွဲဖြစ်လာမည်ဖြစ်။

Add new comment