ယဉ်ကျေးမှုအမွေအနှစ်များနှင့် မန္တလေးမြို့တော်ကြီးကိုကာကွယ်ရန်၊ စစ်ဘေးမဖြစ်စေရန်အတွက် သံဃာတော်များနှင့် မျိုးချစ်‌‌ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်

 မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်များနှင့် မန္တလေးမြို့တော်ကြီး ကို ကာကွယ်ရန်၊ စစ်ဘေးမဖြစ်စေရန်အတွက် ​ပြည်သူများကဆန္ဒထုတ်ဖော်ပွဲကို ဩဂုတ်လ ၂၉ ရက်တွင်  အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄လမ်း၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြား၊ မန္တလေးတောင်ခြေတွင် သံဃာတော်များနှင့် မျိုးချစ်ဒေသခံပြည်သူများ စုပေါင်း၍ ပြုလုပ်ခဲ့ကြပါ သည်။

အဆိုပါအဖွဲ့သည် “ယဉ်ကျေးမှုအမွေအနှစ်များ တည်တံ့ဖို့ ဒို့မန္တလေးသားတွေ စောင့်ရှောက် စို့၊ မန္တလေးမြို့ကြီး မပျက်စီးဖို့ မန်းပြည်သူတွေ စည်းလုံးစို့၊ ရာဇဝင်ကောင်းတဲ့ ဒို့မန္တလေး ဒို့မျိုး ဆက်အတွက် ဆက်ထိန်းပေး၊ အကြမ်းဖက်မှုများ တိုက်ခိုက်ဖို့ မန်းပြည်သူတွေညီကြစို့၊ တိုင်းရင်း သားညီအစ်ကိုမောင်နှမများ စည်းလုံးညီညွတ်ရေး ဒို့အရေး၊ မန္တလေးမြို့ကြီး တည်ငြိမ်အေးချမ်းရေး ဒို့အရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိမ်းသိမ်းစောင့်ရှောက်ရေး ဒို့အရေး၊ ကြမ်းဖက်မှုမှန်သမျှ ဆန့်ကျင်ကြ” စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍  ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြောင်း  သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၈-၂၀၂၄)

  • ယဉ်ကျေးမှုအမွေအနှစ်များနှင့် မန္တလေးမြို့တော်ကြီးကိုကာကွယ်ရန်၊ စစ်ဘေးမဖြစ်စေရန် အတွက် သံဃာတော်များနှင့် မျိုးချစ်‌‌ဒေသခံပြည်သူများကယဉ်ကျေးမှုအမွေအနှစ်များ တည်တံ့ဖို့ ဒို့မန္တလေးသားတွေ စောင့်ရှောက် စို့၊ မန္တလေးမြို့ကြီး မပျက်စီးဖို့ မန်းပြည်သူတွေ စည်းလုံးစို့၊ ရာဇဝင်ကောင်းတဲ့ ဒို့မန္တလေး ဒို့မျိုးဆက်အတွက် ဆက်ထိန်းပေး၊ အကြမ်း ဖက်မှုများ တိုက်ခိုက်ဖို့ မန်းပြည်သူတွေညီကြစို့၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းလုံးညီညွတ်ရေး ဒို့အရေး၊ မန္တလေးမြို့ကြီး တည်ငြိမ်အေးချမ်းရေး ဒို့အရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိမ်းသိမ်းစောင့်ရှောက်ရေး ဒို့အရေး၊ ကြမ်းဖက်မှုမှန်သမျှ ဆန့်ကျင်ကြ” စသည့် ကြွေးကြော်သံများဖြင့်  ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့။

 

Add new comment