မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့်စစ်သည်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လေ့လာ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ သည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့်အသိပညာများ အတုယူလေ့လာနိုင်စေရန်အတွက် ဩဂုတ်လ ၂၆ ရက်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လေ့လာခဲ့ပါသည်။

အဆိုပါ လေ့လာရေးအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း-

  • သြဂုတ်လ ၂၇ ရက်တွင် ပေကျင်းမြို့ရှိ Tian Tan ပန်းခြံနှင့် Ling Guang ဘုရားကျောင်းတွင် ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော်သို့ သွားရောက်လေ့လာခဲ့။
  • ဩဂုတ်လ ၂၈ ရက်တွင် ပေကျင်းမြို့ရှိ Grate wall ၊ နွေရာသီနန်းတော်နှင့် အိုလံပစ် ပြိုင်ပွဲကျင်းပခဲ့သည့် အဆောက်အဦများအပြင် မြို့တွင်းသို့ လှည့်လည်ကြည့်ရှုလေ့လာခဲ့။
  • ဩဂုတ်လ ၂၉ ရက်တွင် ပေကျင်းမြို့ရှိ ပေကျင်းကျည်ဆန်ရထားဘူတာရုံမှ ပေကျင်း - ကွမ်ကျိုး ကျည်ဆန်ရထားဖြင့်  ကွမ်ကျိုးမြို့သို့ သွားရောက်ခဲ့။
  • ဩဂုတ်လ ၃၀ ရက်တွင် ကွမ်ကျိုးမြို့ရှိ Ji Nan တက္ကသိုလ်သို့ သွားရောက်ကာ Ji Nan တက္ကသိုလ်၏ သမိုင်းကြောင်း၊ စာကြည့်တိုက်နှင့် ဌာနခွဲများအား လှည့်လည်လေ့လာခဲ့ကြပြီး ညပိုင်းတွင် ကွမ်ကျိုးတာဝါအား သွားရောက်လေ့လာကြည့်ရှုခြင်းနှင့် Zhu Jiang မြစ်အတွင်း အပျော်စီးသင်္ဘောဖြင့် လိုက်ပါစီးနင်းခဲ့။

အဆိုပါ လေ့လာရေးအဖွဲ့သည်  ဩဂုတ်လ ၃၁ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့်  ကျောင်းသားကျောင်းသူများ၏ မိဘဆွေမျိုးများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၉-၂၀၂၄)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်မှု ထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/ သမီး ကျောင်းသား၊ ကျောင်းသူ များနှင့် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ် မောင်မယ်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့စေလွှတ်ခဲ့ရာ ပေကျင်းမြို့ရှိ Tian Tan ပန်းခြံ၊ Ling Guang ဘုရားကျောင်း၊ Grate wall နွေရာသီနန်းတော်၊ အိုလံပစ် ပြိုင်ပွဲကျင်းပခဲ့သည့် အဆောက်အဦများနှင့် ကွမ်ကျိုးမြို့ရှိ Ji Nan တက္ကသိုလ်တို့သို့ သွားရောက်လေ့လာခဲ့။

 

 

 

 

 

Add new comment

Error | Infosheet

Error

The website encountered an unexpected error. Please try again later.

Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 55901603670763853d5804.65921222 ) in lock_release_all() (line 269 of /home/admin/web/infosheet.org/public_html/mm/includes/lock.inc).