ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ (၇)ကြိမ်မြောက် အာဆီယံ+ ၃ နိုင်ငံများအစည်းအဝေးနှင့် (၇)ကြိမ်မြောက် အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၆ ရက်တွင် ထိုင်းနိုင်ငံ Buriram Chang Arena ၌ ကျင်းပသည့် (၇)ကြိမ်မြောက် အာဆီယံ + ၃ နိုင်ငံ အစည်းအဝေးနှင့် (၇) ကြိမ်မြောက်  အရှေ့အာရှပညာရေး ဝန်ကြီးများ  ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးများတွင် ကိုယ်စားလှယ်များမှ ဒစ်ဂျစ်တယ်ပညာရေးစနစ် ဆောင်ရွက် နေမှုများ၊ အာဆီယံ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆေွးနွေးကြပြီး ပူးတွဲ ကြေညာချက်တစ်ရပ်စီကို အတည်ပြုခဲ့ကုပါသည်။

အဆိုပါအစည်းအဝေးများသို့ အာဆီယံနိုင်ငံများနှင့် + ၃ နိုင်ငံများဖြစ်သည့်  တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံမှ ကိုယ်စားလှယ်များ၊ အရှေ့အာရှဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယား၊ ရုရှား၊ အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ အသီးသီး တက်ရောက်ခဲ့ကြပြီးအိမ်ရှင်ထိုင်းနိုင်ငံက ခင်းကျင်းပြသထားသော ပညာရေး ပြခန်းများကို   လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၈-၂၀၂၄)

  • (၇)ကြိမ်မြောက် အာဆီယံ+ ၃ နိုင်ငံများအစည်းအဝေးနှင့် (၇)ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးတို့သို့  တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယား၊ ရုရှား၊ အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ် များအသီးသီး တက်ရောက်ခဲ့။

Add new comment