နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ် ထူးချွန် လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့်အသိပညာများ အတုယူလေ့လာ နိုင်စေရန် လေ့လာရေးခရီးစဉ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့စေလွှတ်ခဲ့ရာ ဩဂုတ်လ ၂၆ ရက် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများက ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီးလိုက်လံအားပေးပြီး ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။
အဆိုပါလေ့လာရေးအဖွဲ့တွင် နိုင်ငံတော်အဆင့်ဘက်စုံပညာထူးချွန်လူငယ် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦး၊ အမှတ်အများဆုံးရရှိသော ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်သောစစ်သည်တစ်ဦး၊ ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်သော စစ်သည် ၂ ဦးနှင့် ကျောင်းအုပ်ကြီး/ကျောင်းအုပ်ချုပ်မှုတာဝန်ခံ ၅ ဦးအပါအဝင် စုစုပေါင်း ၂၉ ဦး တို့ပါဝင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သြဂုတ် ၂၆ ရက်မှ ၃၁ ရက်ထိ လေ့လာရေးခရီး သွားရောက်ကြမည်ဖြစ်ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၈-၂၀၂၄)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နိုင်ငံတော်အဆင့်ဘက်စုံပညာထူးချွန်လူငယ်ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦး၊ အမှတ်အများဆုံးရရှိသော ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်သောစစ်သည်တစ်ဦး၊ ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်သော စစ်သည် ၂ ဦးနှင့် ကျောင်းအုပ်ကြီး/ကျောင်းအုပ်ချုပ်မှုတာဝန်ခံ ၅ ဦးအပါအဝင် စုစုပေါင်း ၂၉ ဦး တို့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သြဂုတ် ၂၆ ရက်မှ ၃၁ ရက်ထိ လေ့လာရေးခရီးစေလွှတ်။
Add new comment