ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြန်မာ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ခွင့်ရရှိသူများစာရင်းကို စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ Facebook Page-Myanmar Embassy, Singapore တွင် ဩဂုတ်လ ၂၇ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်တွင် မွေးကင်းကလေးများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထား ရာတွင် မိခင် (သို့မဟုတ်) ဖခင်သာလာရန်လိုအပ်ပြီး ကလေးခေါ်လာရန်မလိုအပ်ကြောင်း၊ မြန်မာ သံရုံး၏ WhatsApp သို့ စာရင်းပေးပို့ရာတွင် စာရွက်စာတမ်းအတု၊ အခကြေးငွေရယူသူများမှ တစ်ဆင့် ပေးပို့လာခြင်းများအပေါ် သက်တမ်းတိုးဆောင်ရွက်ပေးသွားမည်မဟုတ်ကြောင်း၊ မြန်မာသံရုံး ဘက်မှ မည်သည့်ပုဂ္ဂလိကဝန်ဆောင်မှုကုမ္ပဏီ၊ အေးဂျင့်များကိုမျှ ဝန်ဆောင်မှုရယူရန်နှင် တန်းစီ ဇယားလုပ်ဆောင်ခွင့်ပေးအပ်ထားခြင်းမရှိကြောင်း၊ စင်ကာပူနိုင်ငံရောက် အသက် ၆၅ နှစ်နှင့်အထက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးဆောင်ရွက်ရာတွင် သံရုံး Website, WhatsApp တို့၌ ကြိုတင်ရက်ချိန်းယူရန် မလိုအပ်ပဲ ဦးစားပေးအစီအစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက် ပေးမည်ဖြစ်၍ သံရုံးသို့ နံနက်ပိုင်းတွင် လူကိုယ်တိုင်လာရောက် သက်တမ်းတိုးဆောင်ရွက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်ဟုသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၈-၂၀၂၄)
- မြန်မာနိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ခွင့်ရရှိသူများစာရင်းအား စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာ သံရုံး၏ Facebook Page-Myanmar Embassy, Singapore တွင် ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်တွင် မြန်မာသံရုံး၏ WhatsApp သို့ စာရင်းပေးပို့ရာတွင် စာရွက် စာတမ်းအတု၊ အခကြေးငွေရယူသူများမှတစ်ဆင့် ပေးပို့လာခြင်းများအပေါ် သက်တမ်းတိုး ဆောင်ရွက်ပေးသွားမည်မဟုတ်ကြောင်းနှင့် မြန်မာသံရုံးဘက်မှ မည်သည့်ပုဂ္ဂလိကဝန်ဆောင်မှု ကုမ္ပဏီ၊ အေးဂျင့်များကိုမျှ ဝန်ဆောင်မှုရယူရန်နှင် တန်းစီဇယားလုပ်ဆောင်ခွင့် ပေးအပ် ထားခြင်းမရှိကြောင်း ဆိုသည့်အချက်များပါဝင်။
Add new comment