၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ် များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများကကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်-

  • ဩဂုတ်လ ၂၆ ရက်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ဗဟိုအဆင့်နည်းပြသင်တန်းကို နေပြည်တော် (ရုံးချုပ်)၌ ၂၀၂၄ ခုနှစ် ဩဂုတ် ၁ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်ခဲ့။
  • အဆိုပါနည်းပြသင်တန်းဆင်း အရာရှိများက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဩဂုတ် ၁၉ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သည့် တိုင်းအဆင့် နည်းပြ သင်တန်းများတွင် ဆင့်ပွားရှင်းလင်းပို့ချလျက်ရှိကြောင်းနှင့် ခရိုင်အဆင့်နည်းပြသင်တန်း များနှင့် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို သတ်မှတ်ရက်များ အတိုင်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်။
  • ဩဂုတ်လ ၂၇ ရက်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်း‌ ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့တော် ခန်းမ၌ကျင်းပပြုလုပ်ခဲ့။
  • ပြည်ထောင်စုဝန်ကြီးသည် တိုင်းဦးစီးမှူးရုံးခန်းမ၌ ဝန်ထမ်းများက မြို့နယ်အလိုက် အိမ် ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးထားရှိမှုများကို ရုံးချုပ်ရှိ  e-ID Sever မှ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ် ဆေးကာ လိုအပ်သည်များ မှာကြားခဲ့။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ် အနက် အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် မဲစာရင်းပြုစုနိုင်ရေး၊ ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေး နိုင်ရေး၊ နိုင်ငံသားကတ်ရရှိပြီးသူများကို e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးရေးစသည့်လုပ်ငန်းစဉ်များအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၂၈-၈-၂၀၂၄)                                                                                                                               

  •  ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေး အတွက် ဗဟိုအဆင့်နည်းပြသင်တန်းကို နေပြည်တော် (ရုံးချုပ်)  ၂၀၂၄ ခုနှစ် ဩဂုတ် ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်ခဲ့။
  • ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးသည် မြို့နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးထားရှိမှုများကို ရုံးချုပ်ရှိ e-ID Sever မှ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့။
  • ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် မဲစာရင်းပြုစုနိုင်ရေး၊ ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေး နိုင်ရေးနှင့်ကတ်ရရှိပြီးသူများကို e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးရေးစသည့်လုပ်ငန်းစဉ်များအား သတ်မှတ်ကာလအတွင်းပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ။

 

Add new comment