တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာ စေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာဖြစ်သည့် RFA Burmese မှတင်ထားသော မုံရွာမြို့တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များအချင်းချင်း အပြန်အလှန်ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦးထိမှန်သေဆုံးခဲ့ရဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ ၎င်းမြို့အနီးတွင် အပြစ်မဲ့ပြည်သူ ၆ ဦးကို PDF အကြမ်းဖက်သမားများက ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခဲ့ခြင်းသာရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် မည်သည့်ပစ်ခတ်မှုမှမရှိခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာများဖြစ်သည့် DVB TV News နှင့် RFA Burmese တို့မှတင်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ကန့်ဘလူမြို့နယ်မှ ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး ၃ ဦးကို သတ် ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် PDF အကြမ်းဖက်သမားများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ အလောင်း ၃ လောင်း၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ခြင်း သာရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် People’s Spring မှတင်ထားသော ချောင်းဦးမြို့နယ်ရှိ ပြည်သူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှား သာဖြစ်ပြီး ၎င်းသတင်းနှင့်ပတ်သက်၍ အဆိုပါမြို့နယ်များတွင် PDF အကြမ်းဖက်သမားများက လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခြင်းများ မကြာခဏ လုပ်ဆောင်လေ့ရှိပြီး ၎င်းလုပ် ရပ်များကို အားပေးထောက်ခံမှုမရှိသူများအား ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းများ သာရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာများဖြစ်သည့် DVB TV News နှင့် မြေလတ်အသံတို့မှတင်ထားသော ပေါင်းတည်မြို့နယ်နှင့် ကလေးမြို့တို့ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက် ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ ၎င်းကျေးရွာများတွင် PDF အကြမ်းဖက်သမားများက ဒေသခံပြည်သူများအား လူသစ်စုခြင်းနှင့် ငွေကြေးကောက်ခံ ခြင်းများလုပ်ဆောင်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများသွား ရောက်ဆောင်ရွက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်သမားများက ကျေးရွာများရှိ နေအိမ် များအား မီးရှို့ထွက်ပြေးခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit မှတင်ထားသော နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများစာရင်းအား တပ်မတော်က ကောက်ယူနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ၎င်းသတင်းနှင့်ပတ်သက်၍ စာရင်းကောက်ခံနေခြင်းမရှိကြောင်းနှင့် အမျိုးသမီးများနှင့်ပတ်သက်၍ နိုင်ငံတော်နှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ မည်သည့် ထုတ်ပြန်ကြေညာချက်မှ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိကြောင်း သိရှိရ။
နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ် ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုးမျိုးသော မဟုတ်မမှန်ကောလာဟလသတင်း အမှားများကို အွန်လိုင်းပေါ်မှ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၈-၂၀၂၄)
- မုံရွာမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအချင်းချင်း အပြန်အလှန်ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး ထိမှန်သေဆုံးခဲ့ရဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ အပြစ်မဲ့ ပြည်သူ ၆ ဦးကို PDF အကြမ်းဖက်သမားများက ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခဲ့ခြင်းသာရှိ။
- လုံခြုံရေးတပ်ဖွဲ့ဝင်များက ကန့်ဘလူမြို့နယ်မှ ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး ၃ ဦးကို သတ်ဖြတ် ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
- နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများစာရင်းအား တပ်မတော်က ကောက်ယူနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ၎င်းသတင်းနှင့်ပတ်သက်၍ နိုင်ငံတော်နှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ မည်သည့် ထုတ်ပြန်ကြေညာချက်မှ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိကြောင်း သိရှိရ။
Add new comment