စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr. Iskander Azizov အား ဩဂုတ်လ ၂၇ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာန တို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း အမြန်ဆုံး ပြီးစီးလည်ပတ်နိုင်ရေးအတွက် ရိုးမတ်နည်းစဉ်အသုံးပြု သံရည်ကျိုမီးဖို၊ အောက်ဆီဂျင်အလုပ်ရုံတို့တွင် စက်ပစ္စည်းများ တပ်ဆင်ရေး၊ စမ်းသပ်လည်ပတ်ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် စာချုပ်မူဘောင်လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးညှိနှိုင်းနေမှု၊ စက်ရုံလည်ပတ်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးရေးကိစ္စများအား ဆွေးနွေးခဲ့။
- သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် ရုရှား ဖက်ဒရေးရှင်းနိုင်ငံရော့စ်ကွန်ဂရက် ရင်းနှီးမြှပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်း၍ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မည့်စက်ရုံ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ(MoC) လက်မှတ်ရေးထိုးခွင့်ဆိုင်ရာများ၊ ရုရှားနိုင်ငံ၏ နေကြာမျိုးစေ့များ ပံ့ပိုးပေးမည့် အခြေအနေ များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စ ရပ်များကို ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၈-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးများ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီးအား လက်ခံတွေ့ဆုံခဲ့ပြီး အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း အမြန်ဆုံး ပြီးစီးလည်ပတ်နိုင်ရေးအတွက် နည်းပညာ ပိုင်းဆိုင်ရာ အထောက်အပံ့ပေးရေးကိစ္စများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရော့စ်ကွန်ဂရက် ရင်းနှီးမြှပ်နှံ မှုရန်ပုံငွေအဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း၍ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မည့်စက်ရုံ အ ကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အား ဆွေးနွေးခဲ့။
Add new comment