ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်တို့သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားကို ဩဂုတ်လ ၂၇ ရက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရေး၊ မြန်မာ နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၌ တရုတ်နိုင်ငံမှ ဆက်လက်ကူညီဆောင်ရွက်ပေး သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံ လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင် ရွက်မှုအထူးရန်ပုံငွေစီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ် ချုပ်မှုအာဏာပိုင်အဖွဲ့ GACC နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံ စိုက်ပျိုးမွေးမြူ ရေးထွက်ကုန်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၈-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားအား လက်ခံ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၌ တရုတ်နိုင်ငံမှ ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ GACC နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံ စိုက်ပျိုးမွေးမြူ ရေးထွက်ကုန်ဆိုင်ရာ ကုန် သွယ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
Add new comment