နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်တို့သည် နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများ၏ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူးများအဖွဲ့(EDG)နှင့် ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ လုပ်ငန်းလည်ပတ်မှုနှင့် လူသားချင်းစာနာမှုလုပ်ငန်းများ တုံ့ပြန်မှုဆိုင်ရာဌာန ညွှန်ကြားရေး Ms. Edem Wosornu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ ၂၇ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့်တွေ့ဆုံစဉ်-
- မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့အကြား လတ်တလောပူးပေါင်းဆောင်ရွက်နေမှုများအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ လိုအပ်နေသည့်ပြည်သူများထံသို့ လူသား ချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးအပ်နေမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့် တွေ့ဆုံစဉ်-
- မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်များ လေ့လာရေး၊ နိုင်ငံအတွင်း အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (NDMC) ဖွဲ့စည်းထားရှိမှုနှင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါတုံ့ပြန်ရေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အဖွဲ့အစည်းများ၏ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာ၊ ဗီဇာသက်တမ်းတိုး၊ ခရီးသွားလာခွင့်များ ရရှိရေးနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးထားမှုများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အသင်းအဖွဲ့မှတ်ပုံတင်ရရှိရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် OCHA အဖွဲ့အကြား သဘောတူညီမှုစာလွှာ (LoA) လက်မှတ်ရေးထိုးနိုင်ရေးနှင့် ဝန်ထမ်းများ အတွက် စွမ်းရည်မြှင့်သင်တန်းများ ပေးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
အဆိုပါတွေ့ဆုံပွဲသို့ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများ၊ EDG အဖွဲ့မှ ကိုယ်စားလှယ်များ၊ UNOCHA ၏မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ၊ UNOCHA ညှိနှိုင်းရေးဆိုင်ရာဌာနခွဲ အကြီးအကဲတို့နှင့် တာဝန်ကြီးရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၈-၂၀၂၄)
- ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများ၏ အရေးပေါ် ကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူးများအဖွဲ့ (EDG) နှင့်တွေ့ဆုံစဉ် မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့အကြား လတ်တလောပူးပေါင်းဆောင်ရွက်နေမှုများအကြား ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ လိုအပ်နေသည့်ပြည်သူများထံသို့ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီများ ပေးအပ်နေမှုအခြေအနေများနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ် သော အဖွဲ့အစည်းများ၏ အသင်းအဖွဲ့မှတ်ပုံတင်ရရှိရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် OCHA အဖွဲ့အကြား သဘောတူညီမှုစာလွှာ (LoA) လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့။
Add new comment