နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များလိုက်ပါ၍ ဩဂုတ်လ ၂၆ ရက်တွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မန္တလေး ပညာရေးဒီဂရီကောလိပ်သို့သွားရောက်၍ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ အား တွေ့ဆုံအမှာစကားပြောကြားခဲ့ရာတွင်-
- ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုအရ မိမိတို့ နိုင်ငံ၏ ပညာရေးအားနည်းချက်များကိုတွေ့မြင်ရသဖြင့် အဆိုပါအားနည်းချက်များကို ပြုပြင်ပြောင်းလဲပြီး လူသားအရင်းအမြစ်ကောင်းများဖြင့် နိုင်ငံတော်ကို တည်ဆောက်နိုင် ရေးအတွက် ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
- မိမိတို့အနေဖြင့် ပညာရည်ဖွံ့ဖြိုးတိုးတက်စေရေး ပညာရေးကို အားပေးဆောင်ရွက်နေခြင်း ဖြစ်ပြီး ပညာတတ်လူသားအရင်းအမြစ်များဖြင့် တိုင်းပြည်၏အနာဂတ်ကို တည်ဆောက် နိုင်ရေးပုံဖော်နေခြင်းပင်ဖြစ်ကြောင်း။
- အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက် ပေးလျက်ရှိပြီး သင်ကြားရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ကျောင်းနေသူများ အားလုံး အတန်းပညာများ အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရန်လိုကြောင်း။
- ပညာတတ်သကဲ့သို့ စာဖတ်ရန်လည်းလိုအပ်မည်ဖြစ်သဖြင့် စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
- အခြေခံပညာကျောင်းများ၌ စာကြည့်တိုက်များဖွင့်လှစ်ခြင်းဖြင့်လည်း ကလေးငယ်များ၏ စာဖတ်ခြင်းအလေ့အကျင့်ကောင်းနှင့် စာဖတ်စွမ်းအားများတိုးတက်လာပြီး ဗဟုသုတ အသိအမြင်များ ပိုမိုသိရှိလာမည်ဖြစ်ကြောင်း။
- ယခုပညာရေးဒီဂရီကောလိပ်တွင် လာရောက်ပညာသင်ကြားလျက်ရှိသည့် တိုင်းရင်းသား များအနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင်သည့် နေရာဒေသများသို့ ရောက်ရှိပါက ကျောင်းသားကျောင်းသူများ အမှန်တစ်ကယ်စာတတ်မြောက်မှုရှိစေရေး၊ တန်းစဉ်ကူး ပြောင်းမှုများမြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပြီး တန်းစဉ်ကူးပြောင်းမှု မြင့်မားခြင်းဖြင့် ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝလာနိုင်မည်ဖြစ်ကြောင်း။
- ကျေးရွာနှင့် မြို့များအလိုက် အတွေ့အကြုံများ၊ အသိအမြင်များ အနည်းနှင့်အများ ကွာ ခြားနိုင်မည်ဖြစ်ပြီး မိမိတို့ကြုံတွေ့ရသည့် လူနေမှုစနစ်များနှင့်အညီ မိမိတို့တာဝန် ထမ်း ဆောင်ရသည့် ပတ်ဝန်းကျင်ကို ပြုပြင်ပေးနိုင်ကြောင်း။
- မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ စာပေဖတ်ရှုလေ့လာခြင်းမှရရှိလာသည့် အသိဉာဏ် အလင်းသည် ဘဝတိုးတက်မှုအတွက် များစွာအထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ပြီး မိမိ၏ မိသားစုနှင့် မိမိတို့တာဝန်ထမ်းဆောင်ရသည့် ပတ်ဝန်းကျင်ကိုပါ အလင်းရောင်နှင့် လမ်း ကြောင်းမှန်ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။
- နိုင်ငံတော်ကိုခိုင်မာသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး အတွက် စည်းကမ်းစနစ်ကျသည့် လူအဖွဲ့အစည်း၊ အသိုက်အဝန်းဖြစ်ရန်လိုအပ်မည်ဖြစ် ပြီး ထိုသို့ဖြစ်ပေါ်လာစေရေးအတွက် သင်ကြားရေးတာဝန်များကို ထမ်းဆောင်ကြမည့် သူများအနေဖြင့် ဝိုင်းဝန်းဖော်ဆောင်ပေးကြရမည်ဖြစ်ကြောင်း။
- ယခင်က မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များကို သင်ခန်းစာဖော်ထုတ်ရ ယူ၍ အနာဂတ်နိုင်ငံတော်ကို ပညာရေးဖြင့် ပုံဖော်တည်ဆောက်ကြရမည်ဖြစ်ကြောင်း။
- သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုကောလိပ်မှ သင်ကြားပေးသည့် အသိပညာ၊ အတတ်ပညာများကို အမှန်တကယ်တတ်မြောက်အောင် လေ့လာသင်ယူ၍ မိမိတို့၏ ဘဝ တစ်လျှောက် အောင်မြင်တိုးတက်စေရေး၊ နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုအခန်း ကဏ္ဍ တွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်တိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က မန္တလေး ပညာ ရေး ဒီဂရီကောလိပ် စာကြည့်တိုက်အတွက် လူထုသိပ္ပံကျမ်းများ၊ သုတ ရသ စာအုပ်စာစောင်များ၊ သင်ထောက်ကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၂၇-၈-၂၀၂၄)
- ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုအရ မိမိတို့နိုင်ငံ၏ ပညာရေးအားနည်းချက်များကိုတွေ့မြင်ရသဖြင့် အဆိုပါအားနည်းချက်များကို ပြုပြင်ပြောင်း လဲပြီး လူသားအရင်းအမြစ်ကောင်းများဖြင့် နိုင်ငံတော်ကို တည်ဆောက်နိုင်ရေးအတွက် ပညာရေး ကို မဖြစ်မနေအားပေးဆောင်ရွက်ရမည်ဖြစ်။
- ပညာရည်ဖွံ့ဖြိုးတိုးတက်စေရေး ပညာရေးကို အားပေးဆောင်ရွက်နေခြင်းသည် ပညာတတ် လူသားအရင်းအမြစ်များဖြင့် တိုင်းပြည်၏အနာဂတ်ကို တည်ဆောက်နိုင်ရေးပုံဖော်နေခြင်းပင်ဖြစ်။
- အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်ပေး လျက်ရှိပြီး သင်ကြားရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ကျောင်းနေသူများ အားလုံး အတန်းပညာများ အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရန်လို။
- ကျောင်းသားကျောင်းသူများ အမှန်တစ်ကယ်စာတတ်မြောက်မှုရှိစေရေး၊ တန်းစဉ်ကူး ပြောင်းမှု များမြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပြီး တန်းစဉ်ကူးပြောင်းမှု မြင့်မားခြင်းဖြင့် ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝလာနိုင်မည်ဖြစ်။
- နိုင်ငံတော်ကိုခိုင်မာသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် စည်းကမ်းစနစ်ကျသည့် လူအဖွဲ့အစည်း၊ အသိုက်အဝန်းဖြစ်ရန်လိုအပ်မည်ဖြစ်ပြီး ထိုသို့ဖြစ် ပေါ်လာစေရေးအတွက် သင်ကြားရေးတာဝန်များကို ထမ်းဆောင်ကြမည့်သူများအနေဖြင့် ဝိုင်းဝန်း ဖော်ဆောင်ပေးကြရမည်ဖြစ်။
- ကောလိပ်မှ သင်ကြားပေးသည့် အသိပညာ၊ အတတ်ပညာများကို အမှန်တကယ်တတ်မြောက် အောင် လေ့လာသင်ယူ၍ မိမိတို့၏ ဘဝတစ်လျှောက် အောင်မြင်တိုးတက်စေရေး၊ နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုအခန်း ကဏ္ဍတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြစေရေး ကြိုးပမ်းဆောင်ရွက် သွားကြရန်တိုက်တွန်းပြောကြားလို။
Add new comment