ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့သည့် အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပနိုင်ငံဖြတ်ကျော်ဝင်ထွက်ပေါက်များ အပါအဝင် လူထုအတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း တိုးမြှင့်ဆောင်ရွက်ခြင်း၊ သီးခြားထားရှိ ကုသမှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများစုဆောင်းထားရှိခြင်း၊ ကျန်းမာ ရေးပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ-
- ဩဂုတ်လ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပဆိုက်ရောက်၌ ဩဂုတ်လ ၂၁ ရက်မှစတင်၍ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများအားလည်းကောင်း။
- ဩဂုတ်လ ၂၇ ရက်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မော်လမြိုင်လေဆိပ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ပြည်တွင်း၊ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများအားလည်းကောင်း ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးကြေညာချက်အား စစ်ဆေးခြင်း၊ ခရီးသည်များအား Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ နှိုးဆော်ထားရှိခြင်းအစရှိသော ရောဂါများကို စဉ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိ။
ဩဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အထိ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူ ၉,၄၅၀ ဦးအား စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သံသယလူနာမတွေ့ရှိသေးကြောင်းနှင့် သံသယလူနာတွေ့ရှိပါက ဝေဘာဂီဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပြီး ကျန်းမာရေးစောင့်ရှောက် မှုပေးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၈-၂၀၂၄)
- ဩဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အထိ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူ ၉,၄၅၀ ဦးအား Mpox (မျောက်ကျောက်) ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သံသယ လူနာမတွေ့ရှိသေး။
Add new comment