ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်းနှင့် ကက်တမင်း ၄၂၇ ကီလို ဖမ်းဆီးရမိ

နိုင်ငံတစ်ဝန်းလုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်း အဖွဲ့များသည် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ-

  • ဩဂုတ်လ ၂၂ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဟွေဟိကျေးရွာရှိ မအားမီ၏ နေအိမ်ကို သတင်းရရှိသဖြင့် ရှာဖွေခဲ့ရာ နေအိမ်ရှေ့ခြံဝင်းအတွင်း ရပ်တန့်ထားသည့် MITSUBISHI PAJERO မော်တော်ယာဉ်ပေါ်မှ ကာလဒေသတန်ဖိုးငွေကျပ် ၄ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်းနှင့် စိတ်ပြောင်းဆေးဝါးကက်တမင်း ၄၂၇ ကီလို သိမ်းဆည်းရမိခဲ့။

ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေး အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေး ယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၈-၂၀၂၄)

  • ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ဒသမ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ သိန်းနှင့် ကက်တမင်း ၄၂၇ ကီလို ဖမ်းဆီးရမိခဲ့။

 

Add new comment