ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ကယားပြည်နယ်ဝန်ကြီးချုပ်တို့က ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းတို့အား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်အတွင်း ခေတ္တတိမ်း‌ရှောင်ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ပြန်လည်တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်  ကယားပြည်နယ်ဝန်ကြီးချုပ်တို့က အခြေခံစားသောက် ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ရာ-

  • ဩဂုတ်လ ၂၄ ရက်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အကြမ်းဖက်သမား များ၏ တိုက်ခိုက်မှုများကြောင့် ခိုလမ်မြို့နယ် အတွင်းသို့ ခေတ္တတိမ်း‌ရှောင်ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား လိုအပ်သည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ခဲ့။
  • ဩဂုတ်လ ၂၅ ရက်တွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က လွိုင်ကော်မြို့သို့ ပြန်လည်တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် မြို့သန့်ရှင်းလှပ‌ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်း စုစုပေါင်း ၃၈၀ ဦးတို့အတွက် ထောက်ပံငွေကျပ် ၃၁,၄၆၅,၀၀၀ နှင့် အခြေခံစားသောက် ကုန်များ ထောက်ပံ့ပေးအပ်ခဲ့။

သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ပြန်လည်ဝင်ရောက်လာကြသည့် ဝန်ထမ်း များနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ကျန်းမာရေး၊ ပညာ‌‌ရေး၊ နေထိုင်စားသောက်ရေး၊ လမ်း‌ပန်းဆက်သွယ်‌ရေး၊ ရေ၊ မီးရရှိရေးစသည်တို့ကို အဆင်ပြေအောင်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၈-၂၀၂၄)

  • ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အကြမ်းဖက်သမား များ၏ တိုက်ခိုက်မှုများကြောင့် ခိုလမ်မြို့နယ် အတွင်းသို့ ခေတ္တတိမ်း‌ရှောင်ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူ များအား လိုအပ်သည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ခဲ့။
  • ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က လွိုင်ကော်မြို့သို့ ပြန်လည်တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်း တို့အတွက် ထောက်ပံငွေကျပ် ၃၁,၄၆၅,၀၀၀ နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခဲ့။

 

Add new comment