ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ထိုင်းနိုင်ငံတွင် အိမ်ရှင် အဖြစ် ကျင်းပသည့် (၁၃) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးသို့ ဩဂုတ်လ ၂၄ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ တီမောလက်စ်တေနိုင်ငံနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဒစ်ဂျစ်တယ်ခေတ်ပညာရေးအသွင်ကူးပြောင်းရေးဆိုင်နှင့်စပ်လျဉ်း၍ တက်ရောက်လာသောနိုင်ငံများက နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက-
- အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဆန်းသစ် တီထွင်မှုများ၏ စွမ်းအားကို အသုံးချရမည်ဖြစ်ကြောင်း။
- တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများအားလုံးကို မြန်နှုန်းမြင့်အင်တာနက်လိုင်းများ၊ ဒစ်ဂျစ် တယ်စက်ပစ္စည်းများလည်း တည်ထောင်ပေးကြရမည်ဖြစ်ကြောင်း။
- ကျောင်းသား၊ ကျောင်းသူများကို ပံ့ပိုးရာတွင် ဒစ်ဂျစ်တယ်စက်ပစ္စည်းကိရိယာများနှင့် အွန်လိုင်း ရင်းမြစ်ပစ္စည်းများပံ့ပိုးသည့်အပြင် ယင်းပစ္စည်းများကို အသုံးပြုသော နောက်ဆုံးပေါ်နည်း ပညာများ၊ သင်ကြားနည်းစနစ်များကို သိရှိနားလည်စေရန် ဆောင်ရွက်ပေးခြင်းများ ပါဝင် မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့။
တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူး ချုပ်တို့က နိုင်ငံအလိုက်ဆွေးနွေးတင်ပြချက်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းနှင့် ၂၀၂၆ ခုနှစ် (၁၄) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေးကို စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၈-၂၀၂၄)
- အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဆန်း သစ်တီထွင်မှုများ၏ စွမ်းအားကို အသုံးချရမည်ဖြစ်။
- တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများအားလုံးကို မြန်နှုန်းမြင့်အင်တာနက်လိုင်းများ၊ ဒစ်ဂျစ် တယ်စက်ပစ္စည်းများလည်း တည်ထောင်ပေးကြရမည်ဖြစ်။
- ၂၀၂၆ ခုနှစ် (၁၄) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေးကို စင်ကာပူ နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်။
Add new comment