အကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆုနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက ပခုက္ကူစာပေဆုရန်ပုံငွေသို့ ငွေကျပ်သိန်း ၁၀၀ ၊ မြန်မာနိုင်ငံစာကြည့်တိုက်များနှင့် တပ်မတော် တပ်ရင်းတပ်ဖွဲ့များ လက်အောက်ရှိ စာကြည့်တိုက်များသို့ လူထုသိပ္ပံကျမ်းစာအုပ် စုစုပေါင်း ၃၀၀၀ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဩဂုတ်လ ၂၄ ရက်တွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်ကော်မတီဝင်များ၊ စာရေးဆရာ၊ ဆရာမကြီးများ၊ စာပေဆုရပုဂ္ဂိုလ်များ၊ ပညာရည်ချွန်ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားခြင်း၊ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှမိသားစုက ပေးအပ်ချီးမြှင့်သည့် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု ရန်ပုံငွေအဖြစ် လှူဒါန်းငွေကျပ် သိန်း ၁၀၀ ကို လည်းကောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များသို့ လှူဒါန်းသည့် လူထုသိပ္ပံ ကျမ်းအတွဲ (၆) နှင့် (၇) တစ်မျိုးလျှင် အုပ် ၁၀၀၀ စီ စုစုပေါင်း အုပ် ၂၀၀၀ ကိုလည်းကောင်း၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ လက်အောက်ရှိ စာကြည့်တိုက်များသို့ လူထုသိပ္ပံကျမ်းအတွဲ (၆) နှင့် (၇) တစ်မျိုးလျှင် အုပ် ၅၀၀ စီ စုစုပေါင်းအုပ် ၁၀၀၀ ကိုလည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးကိုယ်စား ပေးအပ်ချီးမြှင့်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများသည် ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားတွင် ပြသထားသည့် ဆုရရှိ သူများ၏ ဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၈-၂၀၂၄)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှ မိသားစုက ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုရန်ပုံငွေအဖြစ် လှူဒါန်းငွေကျပ် သိန်း ၁၀၀ ကို လည်းကောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များသို့ လှူဒါန်းသည့် လူထုသိပ္ပံ ကျမ်းအတွဲ (၆) နှင့် (၇) တစ်မျိုးလျှင် အုပ် ၁၀၀၀ စီ စုစုပေါင်း အုပ် ၂၀၀၀ ကိုလည်းကောင်း၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ လက်အောက်ရှိ စာကြည့်တိုက်များသို့ လူထုသိပ္ပံကျမ်းအတွဲ (၆) နှင့် (၇) တစ်မျိုးလျှင် အုပ် ၅၀၀ စီ စုစုပေါင်းအုပ် ၁၀၀၀ ကိုလည်းကောင်း ပေးအပ် လှူဒါန်းခဲ့။
Add new comment