ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို ဩဂုတ်လ ၂၄ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက-

  • နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များကို ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုပေးလျက် ရှိရာ ဩဂုတ်လ ၂၄ ရက်အထိ လျှောက်ထားသည့်ပါတီ ၆၇ ပါတီရှိသည့်အနက် မှတ်ပုံတင် ခွင့်ပြုပြီးသည့်ပါတီ ၅၁ ပါတီရှိပြီး အဆိုပါပါတီများထဲမှ နိုင်ငံရေးပါတီ ပါတီကို မှတ်ပုံတင် ခွင့်ပယ်ဖျက်ပေးခဲ့ရသည့်အတွက် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၄၉ ပါတီရှိကြောင်း။
  • ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကိုပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်သလို နိုင်ငံရေးပါတီများ၏ လိုအပ်ချက်များကိုလည်း ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
  • ရွေးကောက်ပွဲစနစ်ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်က အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် ပံ့ပိုးဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ ရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့် သာမက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးဆောင်ရွက်နေမှုများကို ပြော ကြားခဲ့။

အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများက ဆွေးနွေးတင်ပြကြပြီး အဆိုပါ နိုင်ငံရေးပါတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၄၉ ပါတီမှဥက္ကဋ္ဌများ၊ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၈-၂၀၂၄)

  • နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များကို ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပြီး ဩဂုတ်လ ၂၄ ရက်အထိ လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၄၉ ပါတီရှိ။
  • ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကိုပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်သလို နိုင်ငံရေးပါတီများ၏ လိုအပ်ချက်များကိုလည်း ဥပဒေနှင့် အညီ ကူညီဆောင်ရွက်ပေးမည်ဖြစ်။

 

Add new comment