နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဩဂုတ်လ ၂၃ ရက်တွင် တောင်ပိုင်း တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမတွင် တိုင်းမှူးဗိုလ်ချုပ်ကြည်သိုက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း EAO အဖွဲ့အချို့ နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများက နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ဆောင်ရွက်နေမှုအခြေအနေများ၊ အများပြည်သူသွားလာလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများ၊ တံတားများနှင့် မီးရထား လမ်းများအား မိုင်းထောင်ဖောက်ခွဲလျက်ရှိမှုအခြေအနေများနှင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က-
- အများပြည်သူလုံခြုံရေးနှင့် ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ် ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်လိုပြီး အကြမ်းဖက်မှုလုပ်ငန်းများနှင့် ဆက်စပ် လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းကွင်းဆက်များအား ဖော်ထုတ်၍ အကြမ်းဖက်မှုလုပ်ရပ်များ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သွားရန်လို ကြောင်း။
- နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့ကောင်းမွန် စေရေးအတွက် ဆောင်ရွက်ရာတွင် ရေရှည်အတွက်ထည့်သွင်းစဉ်းစား ဆောင်ရွက်သွား ရန်လိုကြောင်း။၊
- အကျဉ်းထောင်အသစ်တည်ဆောက်မှုနှင့်ပတ်သက်၍ လုံခြုံရေးအရ စနစ်တကျတွက် ချက်၍ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ တည်ဆောက်သွားရန်လိုကြောင်း။
- ရထားလမ်းနှင့်ဘူတာရုံအသစ် တည်ဆောက်ရာတွင်လည်း အစကောင်းမှအနှောင်း သေချာဆိုသည့်အတိုင်း ရေရှည်တည်တံ့ ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများ အတိုင်း လုပ်ငန်းစဉ်အဆင့်အလိုက် အရည်အသွေးပြည့်မီအောင် တည်ဆောက်သွားရန် လိုကြောင်း။
- ပဲခူး-တောင်ငူ မီးရထားလမ်းပိုင်းကိုလည်း အကြမ်းဖက်သောင်းကျန်းသူများက မကြာခဏ မိုင်းထောင်ဖောက်ခွဲခြင်းများရှိသကဲ့သို့ ပညာသင်ကြားရေးဖြစ်သည့် စာသင်ကျောင်းများ ကိုလည်း နှောင့်ယှက်မှုများပြုလုပ်လျက်ရှိကြောင်း။
- အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသား၊ ကျောင်းသူများ အတန်းပညာအမှန်တကယ် တတ်မြောက်စေရေး အချိန်ပို သင်ကြားဆောင်ရွက်ပေးရန်လိုကြောင်း။
- အမှန်တကယ်စာတတ်အောင် သင်ကြားပေးမည်ဆိုပါက အနာဂတ်နိုင်ငံ၏ ပညာရေးမှာ များစွာတိုးတက်လာမည်ဖြစ်သဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းမှာကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် တောင်ငူ-ရေတာရှည် ရထားလမ်းပိုင်းတစ်လျှောက် လိုက်ပါစီးနင်း၍ ရထားလမ်းပိုင်း ကြံ့ခိုင် ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအားကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၂၄-၈-၂၄)
- အများပြည်သူလုံခြုံရေးနှင့် ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများ ကို စနစ်တကျဆောင်ရွက်သွားရန်လိုပြီး အကြမ်းဖက်မှုလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းကွင်းဆက်များအား ဖော်ထုတ်၍ အကြမ်းဖက်မှု လုပ်ရပ်များ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သွားရန်လို။
- ပဲခူး-တောင်ငူ မီးရထားလမ်းပိုင်းကိုလည်း အကြမ်းဖက်သောင်းကျန်းသူများက မကြာခဏ မိုင်းထောင် ဖောက်ခွဲခြင်းများရှိသကဲ့သို့ ပညာသင်ကြားရေးဖြစ်သည့် စာသင်ကျောင်းများကိုလည်း နှောင့်ယှက်မှုများပြုလုပ်လျက်ရှိ။
- အမှန်တကယ်စာတတ်အောင် သင်ကြားပေးမည်ဆိုပါက အနာဂတ်နိုင်ငံ၏ ပညာရေးမှာ များစွာ တိုးတက်လာမည်ဖြစ်သဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ။
Add new comment