ပြည်ပမှစက်သုံးဆီသင်္ဘောများ အစီအစဉ်အတိုင်း ဆိုက်ကပ်လျက်ရှိပြီး စက်သုံးဆီဈေးနှုန်း များလည်း ယခင်ထက်လျော့နည်းကျဆင်း

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်တွင်း စက်သုံးဆီလက်ကျန်အခြေအနေအရ ဖူလုံစွာဖြန့်ဖြူးနိုင်ရန်အတွက် ပြည်ပမှစက်သုံးဆီတင်သင်္ဘော များအား Shipment Plan အစီအစဉ်အတိုင်း အဆက်မပြတ်ဝင်ရောက်နိုင်ရန်အတွက် စီမံဆောင် ရွက်လျက်ရှိရာ ဩဂုတ်လ ၂၂ ရက်တွင် ရန်ကုန်မြစ်ဝ Pilot နှင့် သီလဝါဆိပ်ကမ်းဒေသရှိ Jetty တို့၌ ဆီတင်သင်္ဘော ၁၀  စင်းရောက်ရှိ အသင့်စောင့်ဆိုင်းလျက်ရှိပြီး ဒီဇယ်ဆီတန် ၇၀,၀၀၀ ကျော်နှင့် ဓာတ်ဆီတန် ၁၁,၀၀၀ ကျော်အား သိုလှောင်ကန်များတွင် ချယူဖြည့်တင်းလျက်ရှိပါသည်။ ထို့အပြင် ထပ်မံဝင်ရောက်လာမည့် ဆီတင်သင်္ဘောများလည်း အစီအစဉ်တိုင်း ဝင်ရောက်နိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပို့ဆောင်မည့် ဆီတင်ယာဉ် Bowser များ အချိန်မီ ထွက်ခွာနိုင်ရေး၊ သီလဝါသိုလှောင်ကန်စခန်းများရှိ ဆီဖြည့်တင်းပေးမှုများ အဆင်ပြေချောမွေ့စေ ရေးတို့ကိုလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဆိုင် ၁၀၀ ခန့်၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဆိုင် ၂၀၀ ခန့်၊ မန္တလေးတိုင်းဒေသကြီးရှိ ဆိုင် ၇၀၀ ခန့်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆိုင် ၂၅၀ ခန့် တို့အပါအဝင် နိုင်ငံတစ်ဝန်း အရောင်းဆိုင် ၃,၀၀၀ ကျော်တို့သို့ ဆီတင်ယာဉ် ၁,၀၀၀ ကျော်အထိ တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် လိုအပ်သည့် အခြားအရောင်းဆိုင်များသို့ ထပ်တိုးဖြန့်ဖြူးခဲ့ရာ ယနေ့အထိ ဓာတ်ဆီနှင့်ဒီဇယ်ဆီ စုစုပေါင်းဂါလန် သုံးသန်းခန့် ပိုမိုဖြန့်ဖြူးပေးခဲ့သည့်တွက်  ယာဉ်တန်းစီဝယ်ယူမှုများ လျော့နည်းကျဆင်းကာ ပုံမှန် ဝယ်ယူမှုအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဆက်လက်တိုးမြှင့် ဖြန့်ဖြူးပေးရန် စီစဉ်လျက်ရှိပါသည်။

အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီအမယ်လိုက် ဈေးနှုန်းများလျော့ နည်းကျဆင်းလျက်ရှိကြောင်းနှင့် ကောလာဟလများကြောင့် အများပြည်သူများ လိုအပ်သည်ထက် ပိုမို၍ ဝယ်ယူမှုများပြားသည့်အတွက် လိုအပ်သလောက်သာ ဝယ်ယူကြရန်နှင့် အရေးကြီးအသုံးများသည့် အရောင်းဆိုင်များသို့လည်း ပုံမှန်ထက် ပိုမိုဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၈-၂၀၂၄)

  • ရန်ကုန်မြစ်ဝ Pilot နှင့် သီလဝါဆိပ်ကမ်းဒေသရှိ Jetty တို့၌ ဆီတင်သင်္ဘော ၁၀  စင်း ရောက်ရှိအသင့်စောင့်ဆိုင်းလျက်ရှိပြီး ဒီဇယ်ဆီ တန် ၇၀,၀၀၀ ကျော်နှင့် ဓာတ်ဆီတန် ၁၁,၀၀၀ ကျော်အား သိုလှောင်ကန်များတွင် ချယူဖြည့်တင်းလျက်ရှိသည့်အပြင် ထပ်မံဝင် ရောက်လာမည့် ဆီတင်သင်္ဘောများလည်း အစီအစဉ်တိုင်း ဝင်ရောက်နိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိ။
  • အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရန်အတွက် ဆီတင်ယာဉ် ၁,၀၀၀ ကျော်အထိ တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိရာ ယာဉ်တန်းစီဝယ်ယူမှုများ လျော့နည်းကျဆင်းကာ ပုံမှန်ဝယ် ယူမှုအခြေအနေသို့ ပြန်လည်ရောက်ရှိ၍ စက်သုံးဆီဈေးနှုန်းများလည်း ယခင်ထက်လျော့ နည်းကျဆင်းလျက်ရှိ။

Add new comment

Switch to plain text editor