ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရောဂါကူးစက် နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများနှင့် ကာကွယ်နိုင်မည့်နည်းလမ်း များအား ဩဂုတ်လ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
သတင်းထုတ်ပြန်ချက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ ပါသည်။
ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ
- ရောဂါပိုးရှိသူနှင့်လိင်ဆက်ဆံခြင်းမှ ကူးစက်ခြင်း၊
- ရောဂါပိုးရှိသူနှင့် အရေပြားချင်းထိတွေ့ခြင်း၊ နမ်းရှုံ့ခြင်း၊ ပွေ့ဖက်ခြင်းတို့မှတစ်ဆင့် ကူးစက် ခြင်း၊
- ရောဂါပိုးရှိသူနှင့် မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းမှတစ်ဆင့် ကူးစက်ခြင်း၊ (စကား ပြောခြင်း၊ အသက်ရှူခြင်း)
- ရောဂါပိုးရှိသူ၏အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့မိရာမှတစ်ဆင့် ကူးစက် ခြင်း၊
- ရောဂါပိုးများ ကပ်တင်ကျန်နေသည့် အသုံးအဆောင်ပစ္စည်းများ၊ မျက်နှာပြင်များကို လက်ဖြင့် ကိုင်တွယ်ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်ခြင်း၊
- မသန့်ရှင်းသောဆေးထိုးအပ်နှင့် ဆေးရုံသုံးပစ္စည်းများမှတစ်ဆင့်် ကူးစက်ခြင်း၊
- Mpox ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံထားရသည့် တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့မိရာမှ တစ်ဆင့် ကူးစက်ခြင်း၊
- မိခင်မှကလေးသို့ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီးနောက်တွင် ကူးစက်ခြင်း၊
ရောဂါပျိုးရက်
- ရောဂါပိုးစတင်ဝင်ရောက်ပြီး (၁)ရက်မှ (၂၁) ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ် ပွားနိုင်ပါသည်။
သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ
- မျက်နှာ၊ ပါးစပ်၊ လက်နှင့် ခြေထောက်၊ ခန္ဓာကိုယ်၊ စအိုဝန်းကျင်နှင့်လိင်အင်္ဂါများတွင် အနီ ကွက်များထွက်ခြင်း၊ အရည်ကြည်ဖုများပေါက်ခြင်း၊
- ဖျားခြင်း (>38.5 °C)၊
- အကျိတ်များရောင်ရမ်းခြင်း၊
- လည်ချောင်းနာခြင်း၊
- ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကျောအောင့်ခြင်း၊
- မောပန်းနွမ်းနယ်ခြင်း၊
(လွန်ခဲ့သည့် (၂၁) ရက်အတွင်း ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ ပြန်လည်ဝင်ရောက် လာသူများတွင် အထက်ပါလက္ခဏာများဖြစ်ပွားလာပါက ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေး ပို့ရန် လိုအပ်ပါသည်။)
ကာကွယ်နိုင်မည့်နည်းလမ်းများ
- Mpox (မျောက်ကျောက်) ရောဂါလက္ခဏာခံစားနေရသူနှင့် အရေပြားချင်းထိတွေ့ခြင်း၊ မျက်နှာ ချင်းဆိုင် အနီးကပ်ထိတွေ့ခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံခြင်းများကို ရှောင်ကြဉ်ပါ၊
- အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍မရပါက လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်စည်း (Mask) ကို တပ်ဆင်ပါ၊
- သံသယရောဂါလက္ခဏာခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်စည်း (Mask) တပ်ဆင်ခြင်းကို ပြုလုပ်ပါ၊
- လက်ကို ဆပ်ပြာနှင့် ရေ သို့မဟုတ် အယ်လ်ကိုဟောအနည်းဆုံး (၆၀%) ပါဝင်သော ရေမလို လက်သန့်စင်ဆေးရည်အသုံးပြု၍ စနစ်တကျဆေးကြောပါ၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း နှင့်မျက်လုံးများကို ကိုင်တွယ်ခြင်းမပြုပါနှင့်၊
- တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကောင်းမွန်စေရန် ဆောင်ရွက်ပါ၊
- နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ပါ၊
- အသုံးအဆောင်ပစ္စည်းများ (အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါ၊ အဝတ်အထည်စသည့်)များကို ရေ၊ ဆပ်ပြာ နှင့်စနစ်တကျလျှော်ဖွပ်၍ အသုံးပြုပါ၊
- တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ပါနှင့်၊ အသားများကို ကျက်အောင်ချက် ပြုတ်စားပါ၊
Mpox (မျောက်ကျောက်) ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း(သို့မဟုတ်) ရောဂါသံသယ လက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို့၍ လိုအပ်သောစစ် ဆေးစမ်းသပ်မှုနှင့်ကုသမှုခံယူပါ။
ကျန်းမာရေးဝန်ကြီးဌာန
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၈-၂၀၂၄)
- ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရောဂါကူး စက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများနှင့် ကာကွယ်နိုင်မည့် နည်းလမ်းများအား ဩဂုတ်လ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့။
- လွန်ခဲ့သည့် (၂၁) ရက်အတွင်း ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ ပြန်လည်ဝင်ရောက် လာသူများတွင် ရောဂါလက္ခဏာများဖြစ်ပွားလာပါက ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်း ပေးပို့ရန်။
- ပြည်သူများအနေဖြင့် Mpox (မျောက်ကျောက်) ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း (သို့မဟုတ်) ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပေးပို့၍ လိုအပ်သောစစ်ဆေးစမ်းသပ်မှုနှင့်ကုသမှုခံယူရန်။
Add new comment