ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှု ရုံး(United Nations Office for Project Services-UNOPS) မှ Country Director ဖြစ်သူ Ms.Sara Austin Netzer ဦးဆောင်သောအဖွဲ့ကို ဩဂုတ်လ ၂၂ ရက်တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော UNOPS အဖွဲ့မှ စီမံခန့်ခွဲမှု ဆောင်ရွက်လျက်ရှိသည့် Global Fund အသုံးပြု၍ ခုခံကျ/ ကာလသားရောဂါ၊ တီဘီ ရောဂါ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ပူးဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ Access to Health Fund ရန်ပုံငွေဖြင့် မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ အာဟာရ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ အရေးပေါ်အခြေ အနေ ဖြစ်ပေါ်လာသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ရန်ပုံငွေများအသုံးပြုရာတွင် မသက်ဆိုင်သည့် လူပုဂ္ဂိုလ်များထံ မရောက်ရှိစေရေး ပူးပေါင်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဉီးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဉီးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၈-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံးဖြစ်သူ ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး ခုခံကျ/ ကာလသားရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ပူးဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ မိခင်နှင့်မျိုးဆက် ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အရေးပေါ် အခြေအနေဖြစ်ပေါ်လာသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရန်ပုံငွေများ အသုံး ပြုရာတွင် မသက်ဆိုင်သည့် လူပုဂ္ဂိုလ်များထံ မရောက်ရှိစေရေး ပူးပေါင်းကြပ်မတ်ဆောင်ရွက် ရန် လိုအပ်သည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့။
Add new comment