အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးမှုပြုလုပ်

          အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့အား ဩဂုတ်လ ၂၃ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ အသီးသီးတွေ့ဆုံဆွေးနွေး ခဲ့ရာ-

  •  
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ အကြောင်း အရာများကို ရှင်းလင်းပြောကြားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးမှုအကူအညီပေးအပ်နိုင်ရေးကိစ္စရပ်တို့နှင့်ပတ်သက်၍ နှစ်ဖက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့။
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က တွေ့ဆုံဆွေး နွေးပွဲဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်စေလိုသည့်အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသများအတွင်း ရွေး ကောက်ပွဲများ ကျင်းပပြုလုပ်ရာ၌ လိုအပ်သည့်ပူးပေါင်းမှုများဆောင်ရွက်ပေးနိုင်မည့်အခြေ အနေများနှင့်ပတ်သက်၍ မိမိတို့၏သဘောထားအမြင်များကို ဆွေးနွေးခဲ့။

တွေ့ဆုံဆွေးနွေးပွဲများသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဗဟိုဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမောင်မောင်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)မှ ဒုတိယဥက္ကဋ္ဌကျာဖူး၊ မွန်ပြည်သစ် ပါတီ (NMSP)မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နိုင်အောင်မငေး၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး () ခွန်မင်းသိန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၈-၂၀၂၄)

  • တွေ့ဆုံဆွေးနွေးပွဲများတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးမှုအကူအညီပေးအပ်နိုင်ရေးကိစ္စရပ်၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသများအတွင်း ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရာ၌ လိုအပ်သည့်ပူးပေါင်းမှုများဆောင်ရွက်ပေးနိုင်မည့်အခြေ အနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။

 

Add new comment