ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ဩဂုတ် ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ အမျိုးသားအဆင့် မဟာ ဗျူဟာနယ်ပယ်(၅)ရပ်မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ၅ ဦး၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၉ ဦး၊ အထူးဖိတ်ကြား ထားသူ ၂ ဦး စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က-
- FATF ၏ မြန်မာနိုင်ငံအပေါ် လိုက်နာမှုအားနည်းချက် ရှစ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သော ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း။
- ၂၀၂၄ ခုနှစ် အောက်တိုဘာလမတိုင်ခင် တိုးတက်မှုပြသနိုင်ရန် Action Plan တွင် ပါရှိသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေး ဥပဒေအားပြင်ဆင်ရန်နှင့် သက်သေခံပစ္စည်း စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေအား အသစ်ပြဋ္ဌာန်းရမည်ဖြစ်ကြောင်းနှင့် အဆိုပါအချက်များကို သက်ဆိုင်ရာ ဌာနများအလိုက် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့။
ဆက်လက်၍ တက်ရောက်လာသူများက မိမိတို့တာဝန်ယူထားသည့် ကဏ္ဍအလိုက် ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး အမျိုးသား အဆင့် မဟာဗျူဟာ(၂၀၂၄-၂၀၂၈) (မူကြမ်း)အား အတည်ပြုခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၈-၂၀၂၄)
- ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ၂၀၂၄ ခုနှစ် အောက်တိုဘာလမတိုင်ခင် တိုးတက်မှုပြသနိုင်ရန် Action Plan တွင် ပါရှိသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအား ပြင်ဆင်ရန်နှင့် သက်သေခံပစ္စည်း စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေအား အသစ်ပြဋ္ဌာန်း ရမည်ဖြစ်ကြောင်း ပြောကြားခဲ့။
Add new comment