တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာ စေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit မှတင်ထားသော မုံရွာ၊ ခင်ဦးနှင့် လောင်းလုံးမြို့နယ် များအတွင်း တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူများထိခိုက် သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ အကြမ်းဖက် သမားများက အဆိုပါမြို့နယ်များအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ၎င်းကျည်များသည် လုံခြုံရေးတပ်ဖွဲ့ဝင် များကို ထိမှန်ခြင်းမရှိဘဲ လူနေအိမ်များအပေါ်ကျရောက်ခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက် သေဆုံးခဲ့ခြင်းသာရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် DVB TV News မှတင်ထားသော ကျုံပျော်မြို့နယ်၊ တာသစ်ကြီး ရပ်ကွက်၌ ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွာလာသူ ၃၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးညှဉ်းပန်းနှိပ်စက်နေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ၎င်းသတင်း နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါလုပ်ရပ်မျိုး လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit မှတင်ထားသော ဂန့်ဂေါမြို့နယ်၊ လုံခြုံကျေးရွာနှင့် မကျည်းခင်ကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်း များကို ခိုးယူခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ ကျေးရွာ အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးစဉ် နေအိမ်များကို မီးရှို့ထွက် ပြေးသွားခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာများဖြစ်သည့် Khit Thit နှင့် DVB TV News တို့မှတင်ထားသော မြင်းခြံ-နွားထိုးကြီးနယ်စပ်နှင့် ငါန်းဇွန်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် တကောင်းမြို့တို့ကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ် အမှန်မှာ အကြမ်းဖက်သမားများက တကောင်းမြို့တွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့သောကြောင့် ရှေးဟောင်းလေးမျက်နှာစေတီ၏ ဘေးပတ်လည် နံရံများ ထိမှန်ပျက်စီးခြင်းသာဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit မှတင်ထားသော ရွှေဘိုမြို့တွင် စစ်ဘေးရှောင်ပြည်သူ ၁၀ ဦးကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးဟူသည့်သတင်းသည် လုပ်ကြံသတင်း အမှားဖြစ်ပြီး ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် မြို့၊ ရွာများတွင် အကြမ်းဖက်သမား များက ဒေသခံအသွင်ဆောင်၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေခြင်းကြောင့် တာဝန် ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လှည့်ကင်းပတ်ကင်းများ ဆောင်ရွက်ခြင်း သာရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် DVB TV News မှတင်ထားသော ပဲခူးတိုင်းဒေသကြီးတွင် စစ်မှု ထမ်းရန် တစ်မြို့နယ်လျှင် လူ ၂၀ နှုန်း အဓမ္မလူစုဆောင်းနေဟူသည့်သတင်းသည် လုပ်ကြံ သတင်းအမှားသာဖြစ်ပြီး ၎င်းသတင်းသည် လူငယ်လူရွယ်များကို လမ်းမှားရောက်စေရန် အတွက် သွေးထိုးလှုံ့ဆော်ဝါဒဖြန့်ထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်းနှင့် လက်ရှိတွင် ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄)အထိ အောင်မြင်စွာသင်ကြားနိုင်လျက်ရှိပြီး သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များသည် တာဝန်ကျရာတပ်ရင်းတပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေသည်မှာ အမှန်တရား သာဖြစ်ကြောင်း သိရှိရ။

နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ် ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုးမျိုးသော မဟုတ်မမှန်ကောလာဟလသတင်း အမှားများကို အွန်လိုင်း‌ပေါ်မှ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၈-၂၀၂၄)

  • မုံရွာ၊ ခင်ဦးနှင့် လောင်းလုံးမြို့နယ်များအတွင်း တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု များကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ် အမှန်မှာ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လူနေအိမ်များအပေါ် ကျရောက်ခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ခြင်းသာရှိ။
  • လုံခြုံကျေးရွာနှင့် မကျည်းခင်ကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည် သူပိုင်ပစ္စည်းများကို ခိုးယူခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးစဉ် နေအိမ် များကို မီးရှို့ထွက်ပြေးသွားခဲ့။
  • ပဲခူးတိုင်းဒေသကြီးတွင် စစ်မှုထမ်းရန် တစ်မြို့နယ်လျှင် လူ ၂၀ နှုန်း အဓမ္မလူစုဆောင်းနေဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားသာဖြစ်ပြီး ၎င်းသတင်းသည် လူငယ်လူရွယ်များကို လမ်းမှား ရောက်စေရန်အတွက် သွေးထိုးလှုံ့ဆော်ဝါဒဖြန့်ထုတ်လွှင့်နေခြင်းသာဖြစ်။

Add new comment