ပုသိမ်-ဟင်္သာတ-ကြံခင်းရထားလမ်းပိုင်းတွင် ရေကြီးရေကျော်မှု ကျဆင်းသွားသဖြင့် လူစီးရထားခရီးစဉ်များ ယနေ့မှစတင်၍ ပြန်လည်ပြေးဆွဲ

ဇူလိုင်လ ၂၇ ရက်မှစ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရေကြီးရေလျှံမှုများကြောင့် မြန်မာ့မီးရထား၏ ပုသိမ်-ဟင်္သာတ-ကြံခင်းရထားလမ်းပိုင်းအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း နေရာအချို့တွင် ရထားသံလမ်းပေါ်သို့ ရေကျော်တက်ခြင်း၊ ရထားတံတားအချို့၏ ရေလယ်တိုင်နှင့် ကမ်းကပ်ခုံများ ရေတိုက်စားခံရခြင်းတို့ ကြုံတွေ့ခဲ့ရသဖြင့် ရထားခရီးစဉ်များကို ယာယီရပ်နားထားခဲ့ရပြီး ရေ ကျော်စီးဆင်းနေသောနေရာများတွင် ရေကင်းစောင့်ဝန်ထမ်းများ နေ့/ညမပြတ် တာဝန်ချထား၍ စောင့်ကြည့်ခြင်း၊ ရေကျသွားသည့် ရထားလမ်းပိုင်းအတွင်း မြန်မာ့မီးရထား တာဝန်ရှိသူများနှင့် လုပ်သားများက သံလမ်းပြေးယာဉ် RGC များအသုံးပြု၍ ကျောက်များချခြင်း၊ ရထားလမ်းနှင့် တံတားများ၏ ကြံ့ခိုင်ရေးလုပ်ငန်းများကို နေ့စဉ်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ဩဂုတ်လ ၁၉ ရက်တွင် တိုင်းတာစစ်ဆေးချက်များအရ ရေများပြန်လည်ကျဆင်းသွားပြီ ဖြစ်သဖြင့် ဩဂုတ် ၂၁ ရက်မှစတင်၍ ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်းတွင် ယာယီရပ်နား ထားသော အမှတ်(၁၈၁) အဆန်လူစီးအမြန်ရထားကို ပုသိမ်မှကြံခင်းသို့လည်းကောင်း၊ အမှတ်(၁၈၂) အစုန် လူစီးအမြန်ရထားကို ဟင်္သာတမှ ပုသိမ်သို့လည်းကောင်း ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေး သွားမည်ဖြစ်ပါကြောင်းနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အအုံများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့် မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၈-၂၀၂၄)

  • ဩဂုတ် ၂၁ ရက်မှစတင်၍ ပုသိမ်-ဟင်္သာတ-ကြံခင်းရထားလမ်းပိုင်းတွင် ရေကြီးရေကျော်မှု ကျဆင်းသွားသဖြင့် လူစီးရထားခရီးစဉ်များ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ပါကြောင်းနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အအုံများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိ။

Add new comment