နိုင်ငံရေး၊ လူမျိုးရေး၊ နယ်မြေပိုင်ဆိုင်ရေး အကြောင်းပြချက်ဖြင့် လက်နက်ကိုင် ပဋိပက္ခများကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား တပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များက ရဲဝံ့စွန့်စားစွာတိုက်ခိုက်ချေမှုန်းနေခြင်းသည် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရန်အတွက် တရားသောစစ်ဆင်နွှဲနေခြင်းဖြစ်ပါသည်။ စွန့်လွှတ်စွန့်စား လိုစိတ် ထက်သန်စွာဖြင့် တရားသောစစ်ဆင်နွှဲနေကြသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်ပြည်သူ များက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို တိုင်းစစ်ဌာနချုပ်အသီးသီးသို့ ပေးပို့လှူဒါန်း လျက်ရှိပါသည်။
နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ပေးပို့လှူဒါန်းရာတွင်-
- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများမှ ငွေကျပ်ခြောက်ဆယ့်နှစ်သိန်း တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းထံ ဂုဏ်ပြုပေးအပ်ခဲ့။
အဆိုပါစားသောက်ဖွယ်ရာများအား တာဝန်ရှိသူများက တပ်မတော်လေယာဉ်၊ ရဟတ် ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၈-၂၀၂၄)
- နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအတွက် တရားသောစစ်ဆင်နွှဲနေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာဝန်ထမ်း များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို တိုင်းစစ် ဌာနချုပ်အသီးသီးသို့ ဂုဏ်ပြုပေးအပ်လျက်ရှိရာ တာဝန်ရှိသူများက လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရ။
Add new comment