ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People’s Party (KSPP)] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ထုတ်ပြန်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ အကျုံးဝင်သည့် တည်ဆဲနိုင်ငံရေးပါတီ ၉၀ ပါတီအနက် သတ်မှတ်ကာလ ရက်ပေါင်း ၆၀ ပြည့်မြောက်သည့် ၂၈-၃၀၂၀၂၃ ရက်နေ့အထိ ဆက်လက် တည်ထောင်၊ မှတ်ပုံတင်ခွင့်ကို ပါတီ ၅၀ ပါတီက လျှောက်ထားခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅  အရ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားသည့် ပါတီ ၅၀ ပါတီ နှင့် ပုဒ်မ ၃ အရ အသစ်လျှောက်ထားသည့်ပါတီ ၁၇ ပါတီဖြစ်၍ စုစုပေါင်း ၆၇ ပါတီ ရှိပါသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေး၊ စိမ်းမြဧရာ ပန်းခြံအနီး၊ အမှတ် (၃၂၈) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ကချင်ပြည်နယ် ပြည်သူ့ပါတီ [Kachin State People’s Party (KSPP)] ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ကြေညာခဲ့ပါသည်။

ထို့ကြောင့် ဩဂုတ်လ ၂၀ ရက်အထိမှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၅၁ ပါတီဖြစ်ပြီး ယင်း ၅၁ ပါတီအနက် မှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့သည့်ပါတီ ၂ ပါတီရှိသဖြင့် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၄၉ ပါတီ၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲပါတီ ၃ ပါတီ၊ တည်ထောင်ခွင့် စိစစ်ဆဲ ၂ ပါတီ၊ မှတ်ပုံတင်ခွင့် ငြင်းပယ် ၈ ပါတီ၊ တည်ထောင်ခွင့် ငြင်းပယ် ၃ ပါတီ တို့ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၈-၂၀၂၄)

  • နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People’s Party (KSPP)] ကို နိုင်ငံရေးပါတီအဖြစ် ဩဂုတ်လ ၁၉ ရက်တွင်  မှတ်ပုံ တင်ခွင့်ပြုခဲ့။
  • ဩဂုတ်လ ၂၀ ရက်အထိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၅၁ ပါတီဖြစ်ပြီး ယင်း ၅၁ ပါတီ အနက် မှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့သည့်ပါတီ ၂ ပါတီရှိသဖြင့် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၄၉ ပါတီ၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲပါတီ ၃ ပါတီ၊ တည်ထောင်ခွင့် စိစစ်ဆဲ ၂ ပါတီ၊ မှတ်ပုံတင်ခွင့် ငြင်းပယ် ၈ ပါတီ၊ တည်ထောင်ခွင့် ငြင်းပယ် ၃ ပါတီ တို့ဖြစ်။

Add new comment