မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူတို့အား ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဒေါ်စန္ဒာ (၅၈) နှစ် (ဘ) ဦးစန်းမောင်၏နေအိမ်၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရှိရသဖြင့် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်း၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင် နေသူ Yanlong (၂၈) နှစ်အပါ တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံ သား ရဲမြင့် (၂၀) နှစ် အပါအဝင်  အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၆ ဦး၊ နေအိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်စန္ဒာတို့အား Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၄ စုံ၊ Laptop ၂ လုံး၊ 5BB Broad Band တံဆိပ်ပါ Wifi စက် ၁ လုံး၊ Ruijie Regee တံဆိပ်ပါ Wifi ထပ်ဆင့်လွှင့်စက် ၃ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၃) နယ်မြေရဲစခန်း၌ အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာဥပဒေပုဒ်မ ၃၃ (က) / ၃၈ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၈-၂၀၂၄)

  • မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၆ ဦးနှင့် နေအိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်စန္ဒာတို့အား ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။

 

Add new comment