ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ (၉) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဩဂုတ်လ ၁၆ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများအခြေအနေများ၊ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးကို တိုးမြှင့်ဆောင်ရွက်ရေး၊ ဒေသတွင်း ဘက်စုံပေါင်းစည်း ချိတ်ဆက်မှု မြှင့်တင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ ဆက်သွယ်ရေး လိမ်လည် မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တားဆီးကာကွယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရေးနှင့် မဲခေါင်-လန်ချန်းဒေသတွင်း လေထုညစ်ညမ်းမှုဖြေရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေ အရင်းအမြစ် စီမံခန့်ခွဲမှု စသည့်နယ်ပယ်များတွင် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်သွား ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

ချင်းမိုင်မြို့တွင် ရောက်ရှိနေစဉ်အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၁၅ ရက်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆလုံဆိုင်းခွန်မဆစ်နှင့် သီးခြားတွေ့ဆုံခဲ့ပြီး လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့်နှင့် အလုပ်သမားရေးရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍမြှင့်တင်ဖော်ဆောင်နိုင်ရေးအတွက် အခွင့် အလမ်းများ ရှာဖွေရေးအပါအဝင် နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နှစ်နိုင်ငံပိုမိုနီးကပ် စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးသို့ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်စသည့် အဖွဲ့ဝင်ခြောက်နိုင်ငံပါဝင်ပြီး မဲခေါင်-လန်ချန်းဒေသအတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ အကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း စုစုပေါင်း (၁၁၈) ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်းသိရှိရပါသည်။-

သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၁၉-၈-၂၄)   

                                                                                                                            () ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဒေသတွင်း ဘက်စုံ ပေါင်း စည်း ချိတ်ဆက်မှုမြှင့်တင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ တရား မဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ အွန်လိုင်း လောင်းကစားမှုများတား ဆီးကာကွယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရေးနှင့် မဲခေါင်-လန်ချန်းဒေသတွင်း လေထုညစ်ညမ်းမှု ဖြေရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်နယ်ပယ်များတွင် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့။

  • ပြည်ထောင်စုဝန်ကြီးသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်   နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံဆိုင်းခွန်မဆစ်နှင့် သီးခြားတွေ့ဆုံခဲ့ပြီး လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့်နှင့် အလုပ်သမားရေးရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နှစ်နိုင်ငံပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသ တွင်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း စုစုပေါင်း (၁၁၈) ခုကို အကောင် အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့။

Add new comment