၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများကကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်-

  • ဩဂုတ်လ ၁၆ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်းရှိ မြတ်ပန်းမာလာခန်းမ၌ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း၊ နိုင်ငံသားကတ်ပြားရရှိပြီးသူများကို e-ID စနစ်ဖြင့် ကိုယ်ရေးအချက် အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူကာ ဂဏန်း ၁၀ လုံးပါသည့် Unique ID  နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့။
  • ဩဂုတ်လ ၁၇ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်း ရွှေလင်ဗန်း စက်မှုဇုန်အပါအဝင် စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်း ၃၇ စောင်နှင့် နိုင်ငံသား စိစစ်ရေးကတ် ၁၁၅ ကတ်တို့ကို ဆောင်ရွက်ပေးပြီး နိုင်ငံသားစိစစ်ရေးကတ် ရရှိပြီးသူ များကို Biographic / Biometric ကောက်ယူ၍ UID နံပါတ် တစ်ပါတည်း ထုတ်ပေး နိုင်ခဲ့။
  • ပဲခူးတိုင်းဒေသကြီးအတွင်း စာရင်းစစ်/စာရင်းကောက် (၄,၂၅၉)ဦး ခန့်အပ်တာဝန် ပေးပြီး ခရိုင်(၆)ခု၌ စာရင်းကောက်ကွက်ပေါင်း (၁၁,၅၄၀) အား တစ်ပြိုင်တည်း ကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းဆိုင်ရာလုပ်ငန်းများ ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး တိုင်းရင်းသားဘာသာစကားများဖြင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ Bill Board စိုက်ထူခြင်းများ ဆောင်ရွက်ထားပြီးဖြစ်သလို သန်းခေါင်စာရင်း အုပ်ချုပ်မှုဆိုင်ရာ သင်တန်း(၆)ကြိမ်လည်း ဖွင့်လှစ်သင်ကြားထား ပြီးဖြစ်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ် အနက် အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် မဲစာရင်းပြုစုနိုင်ရေး၊ ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေး နိုင်ရေး၊ နိုင်ငံသားကတ်ရရှိပြီးသူများကို e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးရေးစသည့်လုပ်ငန်းစဉ်များအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၁၉-၈-၂၄)                                                                                                                               

  • လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်အပါအဝင် စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ် သမားများအား ပန်းခင်းစီမံချက် အဆင့် () ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ၃၇ စောင်နှင့် နိုင်ငံသား စိစစ်ရေးကတ် ၁၁၅ ကတ်တို့ကို ဆောင်ရွက်ပေးပြီး နိုင်ငံသားစိစစ်ရေးကတ် ရရှိပြီးသူ များကို Biographic / Biometric ကောက်ယူ၍ UID နံပါတ် တစ်ပါတည်း ထုတ်ပေးနိုင်ခဲ့။
  • ပဲခူးတိုင်းဒေသကြီးအတွင်း စာရင်းစစ်/စာရင်းကောက် (,၂၅၉)ဦး ခန့်အပ်တာဝန်ပေးပြီး ခရိုင် () ခု၌ စာရင်းကောက်ကွက်ပေါင်း (၁၁,၅၄၀)အား တစ်ပြိုင်တည်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်သလို သန်းခေါင်စာရင်း အုပ်ချုပ်မှုဆိုင်ရာ သင်တန်း()ကြိမ်လည်း ဖွင့်လှစ်သင်ကြားထားပြီးဖြစ်။
  • ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် မဲစာရင်းပြုစုနိုင်ရေး၊ ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေး နိုင်ရေးနှင့်ကတ်ရရှိပြီးသူများကို e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးရေးစသည့်လုပ်ငန်းစဉ်များအား သတ်မှတ်ကာလအတွင်းပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ။

 

Add new comment