စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်တို့သည် ဩဂုတ်လ ၁၆ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ ၌ ကျင်းပသည့် Seminar On ASEAN-China Forum for Peaceful Use of Nuclear Technology သို့ တက်ရောက်ခဲ့ပါသည်။
ဦးစွာ China Atomic Energy Authority မှ Vice Chairman Mr. Liu Jing က အဖွင့် အမှာစကား ပြောကြားပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် ပညာရှင်များကဆွေးနွေးခဲ့ပါသည်။ ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဒေါက်တာမျိုးသိန်းကျော်တို့သည် China Atomic Energy Authority မှ Vice Chairman Mr . Liu Jing နှင့် China National Nuclear Cooperation မှ Vice Chairman Mr.Zhang Kai တို့နှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးနှင့်ပတ်သက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကူညီပံ့ပိုးပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက် ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထို့နောက် China National Nuclear Cooperation မှ ခင်းကျင်းပြသသော ပြခန်းသို့ သွား ရောက်ကြည့်ရှုကြရာ China Atomic Energy Authority မှ Vice Chairman Mr. Liu Jing က ကြိုဆို ပြီး အဏုမြူစွမ်းအင်ဆိုင်ရာများနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၈-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဒေါက်တာမျိုးသိန်းကျော်တို့သည် China Atomic Energy Authority မှ Vice Chairman Mr . Liu Jing နှင့် China National Nuclear Cooperation မှ Vice Chairman Mr.Zhang Kai တို့နှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့်ပတ်သက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကူညီပံ့ပိုးပူးပေါင်းဆောင်ရွက်နိုင် မည့်ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးခဲ့။
Add new comment