ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း 3rd voice of Global South Summit ၏ ကျန်းမာရေးဝန်ကြီးများ ဆွေးနွေးပွဲသို့ Video Conferencing စနစ်ဖြင့် တက်ရောက်

အိန္ဒိယနိုင်ငံအစိုးရက ယနေ့တွင် 3rd voice of Global South Summit ညီလာခံကို “An Empo-wered Global South for a Sustainable Future” ခေါင်းစဉ်ဖြင့်ကျင်းပရာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မစ္စတာနာရင်ဒရာမိုဒီ Shri Narendra Modi တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး အဆိုပါညီလာခံ၏ ကျန်းမာရေးဝန်ကြီးများ ဆွေးနွေးပွဲကို “One World, One Health” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက Video Conferencing စနစ်ဖြင့် တက်ရောက်၍ အမှာစကားပြောကြား ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင်-

  • မိမိတို့အနေဖြင့် အိန္ဒိယနိုင်ငံအပါအဝင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများနှင့် Digital Health လုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့်လည်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို အဓိက ထားဆောင်ရွက်လျက်ရှိပြီး အစားအသောက်ကွင်းဆက်တစ်ခုလုံး ထုတ်လုပ်မှုမှသည် စားသုံး သည်အထိ ဘေးကင်းလုံခြုံရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း။
  • တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) တို့အနေဖြင့် ဆေးဖက် ဝင်တိုင်းရင်းဆေးပင်များ ထိန်းသိမ်းခြင်း၊ အရည်အသွေးကောင်းမွန်အောင်ဆောင်ရွက်ခြင်း၊ တိုင်းရင်းဆေးပညာရပ်နှင့်ပတ်သက်၍ အတွေ့အကြုံဗဟုသုတဖလှယ်ခြင်းများကို ဆောင်ရွက် လျက်ရှိပြီး မိတ်ဖက်နိုင်ငံများနှင့်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် မကြာမီကာလအတွင်း World Health Organization SETPS survey အား တစ်နိုင်ငံလုံးတွင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး ကျန်းမာသောလူနေမှုဘဝပုံစံ မြှင့်တင် ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့။

အဆိုပါဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ SCO အဖွဲ့ဝင်နိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ ပစိဖိတ်ကျွန်းစုနိုင်ငံများ စုစုပေါင်း ၁၅ နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများတက်ရောက်၍ အမှာစကားများပြောကြားခဲ့ပြီး ပြည် ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိပုဂ္ဂိုလ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၈-၂၀၂၄)

  • မိမိတို့အနေဖြင့် အိန္ဒိယနိုင်ငံအပါအဝင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများနှင့် Digital Health လုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်လို။
  • မြန်မာနိုင်ငံအနေဖြင့် မကြာမီကာလအတွင်း World Health Organization SETPS survey အား တစ်နိုင်ငံလုံးတွင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး ကျန်းမာသောလူနေမှုဘဝပုံစံ မြှင့်တင် ရေးလုပ်ငန်းများအား ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်။

Add new comment